Chapter (10.1)Uni/Zgyi

1.6K 235 5
                                    

မနက်ခင်းပိုင်းတွင် မနက်စာစားကြရင်း ဖေဖေShengက အမှုမဲ့အမှတ်မဲ့နှင့် ပြောမိလိုက်သည်။" Fan Fanအရင်တစ်ခေါက်က သမီးကိုလိုက်ပို့တဲ့ ကောင်လေးက အရမ်းချောတယ်နော် နာမည်ဘယ်လိုခေါ်လဲ "

မေမေSheng ကဆန်ပြုတ်ပန်းကန်ကို ယူလာနေတုန်းပင်။သူမက ထိုအကြောင်းကိုကြားသည့်အခါ မျက်လုံးများပင် ပြူးကျယ်လာလေသည်။Sheng XiFanကတော့ ထိုအကြောင်းအရာကနေလွတ်မည်မဟုတ်တော့ပေ။ကျိန်းသေပေါက်ကို မေမေSheng ကသူမအား စကားစနေတော့သည်။ " FanFan ဘယ်သူလဲ ဘယ်သူဆိုတာ အမေ့ကိုလဲပြောပြဦးလေ "

Sheng XiFanသည် ပြောပြလိုက်ရန်နှေးကွေးနေမိပြီး ပြီးစလွယ်ဖြင့် မပွင့်တပွင့်ပြောလေသည်။
" ဆရာဝန်ပါ... "

မေမေSheng ကအဖြေကိုကြားကြားချင်း မနည်းနားလည်ရန် အားထုတ်လိုက်ရပေသည်။သူမက သူမသမီးကိုနည်းနည်းတော့ မသက်ာဖြစ်နေလေသည်။Li Jie ကအရမ်းချောလို့လား? သူ့ကြည့်ရတာ သာမန်ပါဘဲ! သို့သော် ထိုတင်မကသူမ၏ မရေမတွက်နိုင်သည့်အလှအပဝေဖန်ချက်များက ထွက်ပေါ်လာလေတော့သည်။Li Jie ကအဲ့လောက်လည်းချောမနေပါကော။သူမသည် အမျိုးသားတစ်ယောက်ကို သုံးသပ်ဝေဖန်
ရာတွင် အမျိုးသားလိုရော အမျိုးသမီးအနေနှင့်ပါ မတူသည့်ရှုထောင့်များမှ ကြည့်တတ်လေသည်။ဒါဆို ဖေဖေSheng ပြောနေသည့်ထိုသူကို သူမ မသိလိုက်ရပါလား??

မေမေSheng သည်အတွေးထဲ၌ နစ်မြောနေပြီး စကားဟရန် ပြင်ခိုက် Sheng XiFanသည်သူမ စားထားသည့်ပန်းကန်အားသိမ်းလိုက်ပြီး ကုတ်အကျီကိုယူလိုက်လေသည်။ " သမီးအလုပ်သွားရတော့မယ် သွားပြီနော် "
ရာသီစက်ဝန်းသည် တရွေ့ရွေ့ပြောင်းလဲလာပြီး မတ်လသို့ပင် ရောက်လာပေတော့မည်ဖြစ်သည်။

ဖေဖေSheng က တဟားဟားရယ်နေရင်း " ငါတို့သမီးလေးက ယောကျာ်းလေးအကြောင်းစဥ်းစားဖို့ အရမ်းလည်းမငယ်သလို အရမ်းလည်းအသက်မကြီးသေးပါဘူးလေ ဒီအဖေဘဲမှားတာပါ "

မေမေSheng ကဂုဏ်ယူမှုအပြည့်နှင့် မုန်ညှင်းဖတ်များကို ဝါးနေရင်း " ဒါကတော့ ကျွန်မ သမီးကိုရှင့် "

Sheng XiFan သည်မနက်ပိုင်းအစည်းအဝေးပြီးသည့်နောက် မှတ်စုစာအုပ်နှင့်အတူ အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ဓာတ်လှေကားစီးဖို့ ပြင်နေတုန်း Ling Yishen က သူမအားအော်ခေါ်လာလေသည်။ " မန်နေဂျာ Sheng စောင့်ပါဦး ပြောစရာလေးရှိလို့လာရှာတာပါ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now