Chapter (6.2)Unicode

1.5K 202 3
                                    

လွန်ခဲ့သည့် လေးနှစ်ကပင် သူမ He SuYe ကို တိတ်တ်ိတ်လေးသဘောကျနေခဲ့သည်။ထိုအချိန်က သူမသည် Li Jie ၏ အထက်တန်းအတန်းဖော်တစ်ယောက်​ဖြစ်သည့်အားလျော်စွာ တက္ကသိုလ်လည်းအတူတူဆက်တက်ဖြစ်ခဲ့ကြသည်။သူတို့နှစ်ယောက်သည် ပုံမှန်သူငယ်ချင်းကောင်းတွေသာဖြစ်ကြလေသည်။သူမသည် Li Jie ဆီမှ စီနီယာအကိုကြီးသည် ထိပ်တန်းကျောင်းသားဖြစ်ကြောင်း သူ့၏ အကျင့်စရိုက်သည် လည်းအရမ်းကောင်းမွန်ကြောင်း အမြဲတမ်းကြားရလေ့ရှိသည်။He SuYe သည် သူကလေးဘဝတည်းက လေးစားရသည့်ဖြစ်ကာ သူ့အပေါ်တွင်လည်းအမြဲအနစ်နာခံသူ ဖြစ်သည်။

သူမ Li Jie နှင့်အတူ ပထမဆုံးညစာစားခဲ့သည့်အချိန်က  He SuYe သည်ပြုံးရွှင်နေလျက် Zhang Yiling စားရန် ဖက်ထုပ်များယူပေးနေသည်ကို သူမ တွေ့ခဲ့ရသည်။သူမကိုယ်တိုင်သည်လည်း တူများအား မရွေ့နိုင်တော့ဘဲ Zhang Yiling ကိုသာ အာရုံစိုက်နေမိခဲ့ကာ ငေးသာကြည့်နေမိသည်။သူမ He SuYe အားမြင်မြင်ချင်းသဘောကျခဲ့သည်။သူက အရမ်းချောပြီး ကြင်နာမှုရှိသည်။တစ်ပြိုင်နက်တည်းတွင် သူမ မြင်မြင်ချင်းအချစ်ကို ယုံကြည်လာခဲ့သည်။

သို့သော် သူ့အား နှောင့်ယှက်ရန် သူမတွင် အခွင့်အရေးမရှိပေ။
He SuYe နှင့် Zhang Yiling သည် နာမည်ကြီး စံပြအတွဲ ဖြစ်ကာ သူ့တို့ကိုသိသည့်လူတိုင်းကကောင်းကင် မှ တွဲဖက်ပေး​သည့်စုံတွဲဟုပင် သတ်မှတ်ခဲ့ကြသည်။သူတို့အားလုံးသည် He SuYe အရှေ့တွင် ခိုးကြောက်ခိုးဝှက် အထာပေးလျက် ဂျူနီယာ ညီမလေးများကဲ့သို့သာ ရိုရိုကျိုးကျိုးဆက်ဆံနိုင်လေသည်။He SuYe ၏ လှုပ်ရှားမှုတိုင်းသည် တမင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ Zhang Yiling ၏ ပုံပန်းသွင်ပြင်ကို တုပတတ်လေသည်။ထိုအခါသူမက သူ့အား အမြဲတမ်းရောက်တတ်ရာရာ မေးခွန်းများအားမေးလေ့ရှိသည်။သူသည် ဓာတ်ပုံ​​မေဂျာမှ
ကျောင်းသားတစ်ယောက် မဟုတ်လျှင်တောင် သူမ၏ ရည်ရွယ်ချက်မှာ သူ့၏ဘေးတွင် ခဏလေး ရှိနေပေးရုံသာ။

သူမ၏ အထင်က သူတို့နှစ်ယောက် လက်ထပ်ဖြစ်ကာ ထို့နောက်တွင် ချစ်စရာကလေးလေးများ မွေးလာပြီး သက်ဆုံးတိုင်အတူနေသွားကြမည်ဟုပင်။သို့သော် Zhang Yiling နိုင်ငံခြားသို့ထွက်သွားသည့်အချိန်တွင် အရာအားလုံး အဆုံးသတ်ခဲ့လေသည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now