Epilogue - Chapter (28)Unicode

2.3K 136 18
                                    

နှစ်နှစ်ကြာပြီးနောက်ဝယ်----

လူနာနှင့်တိုင်ပင်ဆွေးနွေးပေးခြင်းပြီးသည့်နောက် အဆုံးမှာတော့ စိတ်အာရုံဖိစီးမှုများလျှော့ပါးသွားခဲ့သည်။He SuYe အညောင်းအညာဖြေလိုက်ပြီး ရုံးခန်း၏ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်သည်။

သူ့၏မျက်နှာဆီသို့လေညှင်းများတိုက်ခတ်လာပြီး မလှမ်းမကမ်းတွင် ပန်းပင်များလည်းပေါက်နေသည်။အမှန်တကယ်တော့ Osmanthusပင်များ ဖြစ်နေကြောင်းသူသေသေချာချာမှတ်မိသွားခဲ့သည်။Shen XiFanက Osmanthusအပွင့်များကိုအမြဲ သဘောကျလေသည်။မနက်စောစောနှင့်သန်းခေါင်ယံအချိန်၌ မိုးအေးများရွာချပြီးနောက်တွင် အစုလိုက်အဆုပ်လိုက်ပွင့်လေ့ရှိသည့် အဝါဘက်သွားသည့်အပွင့်အဖူးလေးများသည် အကိုင်းများထက်တွင်ပေါ့ပါးစွာပွင့်လန်းနေကြ၏။မွှေးရနံ့က သိပ်မပြင်းတ​ပြင်းလေးဖြစ်သော်လည်း လေမတိုက်သည့်အချိန်မှာတောင် မွှေးပျံ့ပျံ့ရနံ့ကိုခံစားမိစေ သည်။

လတ်လတ်ဆတ်ဆတ်ခူးလာသည့်osmanthusအပွင့်များကိုပန်းကန်လုံးထဲသို့ထည့်လိုက်ပြီး အရသာဝင်စေရန်ဆားနှင့်သ​ကြားများထပ်ထည့်၍ရောနယ်လိုက်ကာ လေလုံအောင်ပိတ်ထားစေသည်။ဆောင်းရာသီရောက်လာပြီဆိုလျှင်ဖြင့် osmanthus ဖက်ထုပ်များပြုလုပ်ရာတွင်အထဲ၌အစာသွပ်ထည့်ကြသည့်အခါ osmanthus အချိုအရသာအပွင့်များကိုထည့်သုံးကြသည့်အတွက် အရသာချိုမြိန်ပြီးမွှေးကြိုင်လွန်းလှသည်။

ထိုအချိန်၌ သူနာပြုတစ်ယောက်သည် တံခါးကိုခေါက်လိုက်ပြီးဝင်ရောက်လာခဲ့လေသည်။
" Dr.He အခုချက်ချင်းဓာတ်ပုံရိုက်တော့မှာမို့ အသင့်ပြင်ထားပေးပါရှင့် "

သူခဏလောက်ကြောင်ကြည့်နေပြီးသူနာပြု၏လက်ချောင်းကိုမြင်လိုက်သည့်အခါမှသာ သူဆေးရုံပြောင်းသွားခဲ့ပြီဖြစ်ကြောင်းချက်ချင်းနားလည်သွားမိလေသည်။ဤသည်ကား ဖြစ်တတ်သည့်ဖြစ်ရိုးဖြစ်စဥ်လေးတစ်ခုပေ။

အဖြူရောင်ဂျူဒီကုတ်ကိုချွတ်လိုက်ပြီးနောက်တစ်စုံတစ်ခုကိုရုတ်တရက်သတိရမိရင်း မှန်ရှေ့၌ဆံပင်များကို သပ်တင်ခဲ့လိုက်သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now