Chapter (26)Unicode

1.3K 132 10
                                    

သူမ၏အဆောင်ခန်းသည် သိပ်မကြီးသော်လည်းသေသေသပ်သပ်နှင့် သန့်ရှင်းလှသည်။

Shen XiFan ကျောင်းလွယ်အိတ်ကိုချ၍ ရှင်းပြလိုက်သည်။
" အခန်းဖော်ကသူ့အိမ်မှာ ညစာစားဖို့ပြန်သွားလေရဲ့ ထမင်းပေါင်းအိုးထဲမှာ ကြက်စွပ်ပြုတ်ချက်ထားတယ်ပြီးတော့ရေခဲသေတ္တာထဲမှာလည်း ချက်စရာဟင်းတွေရှိလောက်ဦးမယ် ကျွန်မတို့အဆင်မပြေလည်းစားသောက်ဆိုင်သွားကြမယ်လေ ဒါပေမဲ့ဘယ်တစ်ခုကဖွင့်လောက်သေးလဲတော့ကျွန်မ မသိဘူး "

He SuYeမျက်နှာထားတည်တည်နဲ့ သူမကိုကြည့်လိုက်သည်။မေးချင်မိတာလည်းရှိ​နေသည်။သူမ၏မျက်နှာသေးသေးလေးကိုဖွဖွလေးညှစ်၍ အရွှန်းဖောက်လိုက်သည်။
" တကယ်ဝလာတာဘဲ! မင်းလေးက "

သူမ၏မျက်နှာလေးက တစ်ဖန်စိတ်ညစ်နွမ်းသွားသော်လည်း သူမ၏ကိုယ်လေးသည် နွေးထွေးသည့်ရင်ခွင်တစ်စုံထဲသို့ ထပ်မံကျရောက်သွားခဲ့လေ၏။သူမ ရုန်းချင်ခဲ့သော်လည်း ဤအမျိုးသား၏ခပ်နိမ့်နိမ့်အသံက သူမ၏နားဖျားဆီသို့ရောက်ရှိလာခဲ့သည်။
" လိမ္မာတယ် မလှုပ်နဲ့တော့ ကို့ ကိုခဏလောက်ပေးဖက်ပါဦး ကိုအရမ်းပင်ပန်းနေပြီ "

သူ့ရဲ့ကိုယ်မှ လီမွန်ရနံ့ခပ်ဖျော့ဖျော့လေးရနေသော်လည်း ပင်ပန်းနွမ်းနယ်နေသည့်အငွေ့အသက်များကိုပါတစ်ပြိုင်တည်း ခံစားမိလိုက်သည်။သူမ အခုမှမနေနိုင်တော့ဘဲ သူ့ရဲ့မျက်နှာလေးကို သေသေချာချာကြည့်ရလေသည်။လွန်ခဲ့သည့်နှစ်ဝက်ခန့်ကထပ်ပိုပြီးပိန်ကျသွားလိုက်တာ မျက်ကွင်းများတောင်ညိုနေသည်။

သက်ပြင်းဖွဖွချလိုက်ပြီးနောက် သူ့ရဲ့ခါးကိုသူမ၏လက်များဖြင့်တင်းကျပ်စွာဖက်ထားလိုက်ပြီး နောက်ဆုံးမှာတော့ အမေးစကားဆိုလိုက်သည်။
" ရှင် ဒီကိုဘယ်လိုရောက်နေတာလဲ? "

He SuYe သည်ခပ်ဖြေးဖြေးပြုံးလိုက်ပြီး
" မင်းကိုလာတွေ့တာပေါ့ ကိုကအခုပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်ရဲ့ CVI အဖွဲ့အစည်းမှာ "

" ရှင်ဘယ်အချိန်က လာခဲ့တာလဲ ကျွန်မကိုဘာလို့အရင်ကမပြောခဲ့တာလဲ? "

" ကို သြဂုတ်ကမှ အမေရိကန်ကိုရောက်လာခဲ့တာ  အဲ့အချိန်တည်းက မင်းကိုတွေ့ချင်နေခဲ့တယ် ဒါပေမဲ့ ပြသာနာကိစ္စလေးပေါ်လာတော့ ကို့မှာပင်ပန်းဖို့တောင်အချိန်မရှိခဲ့ဘူး ဒီအချိန်လေးရောက်ဖို့ ကိုအများကြီးစောင့်ခဲ့ရတယ် "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now