Chapter (9)Unicode

1.5K 230 8
                                    

မနက် ခြောက်နာရီတွင် He SuYe ဖုန်းခေါ်သံကြောင့် နိုးလာခဲ့သည်။သူဖုန်းကိုင်လိုက်သည့်အခါတွင် တစ်ဖက်မှ ကောင်မလေးသည်အလန့်တကြားအော်ပြောလာလေသည်။
" Dr.Liu လာ ​ကြည့်ပေးပါဦး ကုတင်နံပါတ်၁၈ ကလူနာက အခြေအနေသိပ်မကောင်းဘူးဒေါက်တာ "

သူ ရုတ်တရက်တောင့်တင်းသွားလေသည်။သူမ ဖုန်းမှားခေါ်ဆိုနေခြင်းဖြစ်ကြောင်းပြောချင်သော်လည်း တစ်ဖက်က တောင်းပန်စကားထပ်ဆိုလာတော့သည်။" တောင်းပန်ပါတယ် ကျွန်မအမှားလုပ်မိပြီး ဖုန်းမှားခေါ်မိလိုက်တယ် "

သူ ခဏလောက်ငြိမ်နေမိပြီး ပြုံးလိုက်ကာ ဖုန်းကိုချလိုက်သည်။သို့သော် သူပြန်လည်းအိပ်မရတော့ဘဲ မျက်စိကြောင်နေတော့သည်။

ဆောင်းရောက်လာသည့်အခါ နေထွက်ချိန်နောက်ကျလေ့ရှိပြီး မနက်ခြောက်နာရီအချိန်တွင် ကောင်းကင်သည် ခပ်မှိန်မှိန်သာအလင်းဓာတ်ရှိနေသည်။မနက်စာအဖြစ် ပေါင်မုန့်တစ်ချပ်ကို နွားနို့ထဲနှစ်ရင်း တစ်ဖက်တွင် စာရွက်များကို လှန်ကြည့်နေသည်။ကြည့်ရင်းကြည့်ရင်းရှုပ်လာလေသည်။Li Jie ၏စာတမ်းသည် ယခုထက်ပိုပြီး ရှင်းလင်းသင့်သည်။အချို့စာတမ်းများကိုဆိုလျှင် ဌာနမှူးဆီသို့ ကိုယ်တိုင်ပေးရသည်များလည်းရှိတတ်သည်။အရေခွံ အခွာခံရမည်ကိုတောင် မကြောက်မလန့်ပါတကား။

ဘောပင်ကိုကောက်ကိုင်လိုက်ပြီး မလိုအပ်သည့်ခေါင်းစဥ်များအား ဝိုင်းလိုက်သည်။ထို့နောက် Li Jie အားဖုန်းခေါ်လိုက်သည်။

Li Jie သည် မနေ့ညတည်းက ဂျူတီခန်းထဲ၌ပင် ညနက်သည့်အထိ အချိန်ကုန်ခဲ့သောကြောင့် ဖုန်းသံထွက်ပေါ်လာသည့်အခါ အလန့်တကြားနိုးသွားတော့သည်။ဖုန်းခေါ်သူက He SuYe ဖြစ်နေသဖြင့် အထွန့်တက်ပြီးပြောဆိုလေသည်။
" ဆရာသမားရေ ဟော်မုန်းအပြောင်းအလဲတွေဖြစ်နေလို့လား အစောကြီးတွေတောင် ထ နေပါလား "

He SuYe သည် စိတ်ဆိုးနေသည့်လေသံဖြင့်
" ဘယ်လို စာတမ်းမျိုးက ဒီလောက်တောင် ညံ့ဖျင်းနေရတာလဲ? ဌာနမှူးကိုပေးဖို့တောင် ငါ့မှာလက်တွန့်နေရပြီ ဘောပင်ကိုင်လိုက် ငါမင်းကို ရွတ်ပြမယ် ငါအလုပ်လာရင်းအတွင်းလူနာဌာနဖက်လှည့်လာမယ် ဖုန်းခေါ်လိုက်ဦး "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now