DADDY 🏡 02 (Z&U)

9.4K 838 3
                                    

DADDY 🏡 02
Zawgyi

အဝတ်စတွေကြားထဲမှာ ကလေးတစ်ယောက်နဲ့အလုပ်ရှုပ်နေတဲ့ နေဦးငယ်။

ဟိုတစ်စ ဒီတစ်စ ပိတ်စလေးတွေယူပြီး ၂နှစ်သားကလေးလေးပေါ်ခြုံပေးပြီး သဘောတကျပြုံးရယ်နေတဲ့ နေဦးငယ်က ကလေးနဲ့အပြိုင်ကလေးလုပ်နေခြင်းဖြစ်သည်။

အဖြူရောင်ဇာပါဝါလေးကိုခေါင်းပေါ်ခြုံပြီး တူး……ဝါး……လုပ်ပြနေတော့ ရှေ့ကကလေးကလည်း အသံလေးတွေထွက်သည်အထိတခစ်ခစ်ရယ်နေတော့သည်။

တူတူရေ … ဝါး

အင်း…ဟစ်…ဟစ်……ဟစ်ဟစ်ဟစ်

မေးလေးများလှုပ်သည်အထိရယ်နေတဲ့ကလေးက အားမလိုမရဖြင့် လက်လေးတစ်ဖက်ကလည်းတရမ်းရမ်းဖြင့်လှုပ်ခါနေသည်မှာ နေဦးငယ်ခေါင်းပေါ်မှာခြုံထားတဲ့ အစကိုဆွဲချင်နေဟန်ရှိသည်။

နေဦးငယ်နဲ့ကလေးလေးကိုကြည့်ပြီး နေဦးငယ်တပည့်မလေးတွေကလဲ သဘောကျပြီးလိုက်ပြုံးနေကြသည်။

ထုတ်သီးဖောက်နေတဲ့ ပန်းစံပယ်က မနေနိုင်စွာဖြင့်

"ကိုကြီးရယ် ကလေးတော့ရယ်ရလွန်းလို့မောနေတော့မှာပဲ" လို့ပြောတော့

"ဟုတ်ပကိုကြီးရယ် ကလေးက ကိုကြီးလက်ထဲရောက်ရင်ကိုအရယ်မရပ်တော့ဘူး" ဆိုပြီး

ခတ္တာကပါဝင်ပြောလာတော့သည်။

နေဦးငယ်သည် ရယ်နေတဲ့ကလေးကိုကောက်ပွေ့ချီပြီး

"ကြည့်စမ်း … အလုပ်ကိုအာရုံမစိုက်ပဲ ငါတို့ကိုပဲကြည့်နေတာပေါ့ ဟုတ်လား"

"ဟုတ်ပါဘူး ကိုကြီးကလည်း အလုပ်လည်းလုပ်ပါတယ်"

ပန်းစံပယ်က သူအလုပ်မလုပ်ဘူးလို့ပြောသလိုဖြစ်သွားတာမို့နှုတ်ခမ်းလေးစူပြီးပြန်ပြောလာသည်။

ပန်းစံပယ် နဲ့ ခတ္တာ။ ကလေးမလေးနှစ်ယောက်လုံးက ချစ်ဖို့ကောင်းသည်။ သနားဖို့လည်းကောင်းသည်။ နှစ်ယောက်လုံးဆယ်တန်းအောင်ပြီးထားပေမယ့် အိမ်အခြအနေကြောင့်ကျောင်းဆက်မတက်နိုင်ပဲ အိမ်ကမိဘကိုဈေးကူရောင်းပေးနေတဲ့ကလေးမလေးတွေဖြစ်သည်။

တစ်ရပ်ကွက်တည်းသားချင်းလည်းဖြစ် မျက်နှာလည်းရင်းနေတာမို့ ပညာဒါနအနေနဲ့ အားတဲ့အချိန်လေးဆိုင်မှာအကူအနေနဲ့ခေါ်ပြီး လစာလေးလည်းပေး ပညာလေးလည်း သင်ပေးဖြစ်နေတာ အခုဆို သူတို့နှစ်ယောက်လုံး အင်္ကျီချုပ်တာမှာတော်တော်ကျွမ်းကျင်နေကြပြီ။

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now