Happy Family 🏡 18

2.6K 233 19
                                    

Happy Family 🏡 18
Zawgyi

ဒီရက်ပိုင်းတွေမှာ Paing, Naing, Aung ညီအစ်ကိုတွေ သိသိသာသာကြီးကိုခြေငြိမ်နေကြသည်။

အခါတိုင်းလိုဆို ပိတ်ရက်တွေမှာ တစ်ယောက်တစ်နေရာစီလျှောက်သွားနေကြမည်ဖြစ်သော်လည်း မတိုင်ပင်ထားပါပဲ ညီအစ်ကိုသုံးယောက်လုံးအိမ်တွင်းအောင်းနေကြသည်။

လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ Paing, Naing, Aung ညီအစ်ကိုတွေက Zay Kabar စံအိမ်မှာမနေပဲ အပြင်မှာသုံးယောက်ပေါင်းပြီးသီးသန့်နေကြတာဖြစ်သည်။

သွားချင်တဲ့အချိန်သွား လာချိန်တဲ့အချိန်လာနဲ့ လုပ်ချင်ရာလုပ်နေကြတဲ့ ငပွေးလေးသုံးယောက်က ကလေးသာသာပိစိကောင်လေးတွေကြောင့် အတွေးများပြီး အပြင်တောင်မထွက်နိုင်ဖြစ်နေကြသည်၊။

တစ်ယောက်က ဖုန်းထဲက ဓါတ်ပုံတစ်ပုံကိုကြည့်ပြီးအတွေးများနေသလို တစ်ယောက်ကလည်း စိတ်မပါလက်မပါနဲ့ ဆိုဖာထိုင်ခုံမှာလှဲအိပ်နေသည်။

တစ်ယောက်ကတော့ ရေကူးကန်နားမှာ မျက်မှောင်ကြီးကြုံ့ပြီးစီကရက်ဖွာနေသည်။

Aung Zay တစ်ယောက် စီးကရက်ဖွာနေစဉ်ဖုန်းဝင်လာတာကြောင့် ဘောင်ဘီအိတ်ကပ်ထဲက ဖုန်းကိုယူကြည့်လိုက်တော့ Mommy … ဆိုတဲ့ အမည်လေးကြောင့် ချက်ချင်းကိုင်လိုက်ရသည်။

“ ဟယ်လို Mommy …”

“သားငယ်ရေ Mommy …ကို တစ်ခုကူညီပေးပါကွယ်”

“ဟုတ်ကဲ့ Mommy … သားဘာလုပ်ပေးရမလဲ”

“ပူတူးလေးတွေကို သွားကြိုပေးပါလားကွယ်”

“ပူတူးလေတွေ ….”

“အေးကွယ် အခုချက်ချင်းမဟုတ်ပါဘူး နောက်နှစ်နာရီလောက်မှပါ။”

“သူတို့ကိုခေါ်ပြီးဘာလုပ်မလို့လဲ”

“တမင်တွေ့ချင်လို့ အလည်ခေါ်ထားတာ Zလေးက လည်း Mommy … တို့ကို မုန့်ဖုတ်နည်းတွေသင်ပေးမယ်ပြောထားလို့လေ။ သူတို့အိမ်က ကိုယ်ရံတော်နဲ့လွတ်ပေးမယ်ပြောပေမယ့် ကလေးတွေအိမ်လာဖို့ကြောက်နေမှာဆိုးလို့လေ သားတို့သွားခေါ်တာပိုကောင်းမယ်ထင်လို့”

“ဟုတ်ကဲ့ Mommy … သားသွားကြိုပေးလိုက်မယ်”

အိမ်ထဲပြန်ဝင်လာတဲ့ Aung Zay က သက်ပြင်းအကျယ်ကြီးချလိုက်တာကြောင့်

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now