ပဲ့ကိုင်ရှင်

2.3K 148 9
                                    

" ပဲ့ကိုင်ရှင် "

Unicode

* ဦးကမ်ပိုင်
* မောင်ကမ်သားချော
* မောင်ထွန်းပင်လယ်
* မောင်စွမ်းမိုးဟိန်း

ဦးကမ်ပိုင် .....

နာမည်ကဆန်းသလို သူ၏ပန်းပုလက်ရာတွေကလည်း ဆန်းတင့်ပြောင်မြောက်လှသည်။

ဦးကမ်ပိုင်က သူ့နယ်တစ်ဝိုက်မှာတော့ ထူးချွန်တဲ့ပန်းပုဆရာတစ်ယောက်အဖြစ်ကျော်ကြားလေသည်။

သူမြို့ သူနယ်မှာတော့ ဦးကမ်ပိုင်ကိုမသိသူကရှားသည်။

ဦးကမ်ပိုင်အသက် နှစ်ဆယ့်ရှစ်နှစ်မှာ ထမင်းဆိုင်က ဒေါ်ချောလှဆိုတဲ့ အမျိုးသမီးနဲ့ ဖူးစာဆုံခဲ့ပြီး အသက်သုံးဆယ်ရောက်ကာမှ သားရတနာတစ်ဦးထွန်းကားခဲ့လေသည်။

သားဦးလေးမွေးလို့ ဝမ်းသာရသော်လည်း ဇနီးဖြစ်သူဒေါ်ချောလှတစ်ယောက် မီးတွင်းထဲမှာပဲဆုံးပါးသွားရှာတာမို့ ဦးကမ်ပိုင်တစ်ယောက် အမိမဲ့သားဖြစ်သူနဲ့ အတူနေရင်း ဘဝကို ဆက်ကျောင်းခဲ့ရသည်။

မုဆိုးဖို ဦးကမ်ပိုင်သည် သားဖြစ်သူအပေါ်ချစ်နိုင်တာထက်ကို ပိုချစ်ကာ ရင်အုပ်မကွာ စောင့်ရှောက်ခဲ့ရှာသည်။

အလုပ်လုပ်ရင်တောင် သားကိုကျော်ပိုးပြီး ထိန်းရင်းအလုပ်လုပ်တဲ့ ဦးကမ်းပိုင်။

အလုပ်တစ်ဖက်နဲ့ အိမ်သူမရှိတာတောင် သားအပေါ်မှာ ဖခင်ဝတ္တရားလစ်ဟင်းတာမျိုးမရှိအောင် ကြိုးစားရုန်ကန်ရှာသည်။

ရင်းနှင့်အမျှချစ်ရပါသော သားလေးကိုလည်း ကမ်သားချောလို့ သူကိုယ်တိုင်အမည်မဲ့ပေးခဲ့သည်။

ကမ်သားချောဆိုတဲ့ အမည်လေးအတိုင်ပင် ဦးကမ်ပိုင်သားလေး အရွယ်ရောက်လာတော့ ချောလိုက်တာမှစာဖွဲ့လို့ပင်မရနိုင်အောင်ပင်။

လက်လုပ်လက်စား လူလတ်တန်းစား သူတို့ပတ်ဝန်းကျင်မှာ ဦးကမ်ပိုင်သားလေးက ဖြူဖြူအုအု နူးနူးညံ့ညံ့လေးနဲ့ မိန်းကလေးရှုံးအောင်လှတာမို့ ကမ်သားချောကို မသိတဲ့သူပင်မရှိ။

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now