Happy Family 🏡 Final

4.7K 293 47
                                    

Happy Family 🏡 Final
Zawgyi

ပူတူးလေးတွေ အောင်စာရင်း ထွက်တော့ တစ်ယောက်ကို ဂုဏ်ထူးသုံးဘာသာစီပါခဲ့ကြသည်။

အနာဂါတ်မှာ J.Y.Z Group ကိုဆက်ခံရမည့် သူတွေဖြစ်တာကြောင့် ငါးယောက်လုံးက အသက်မွေးဝမ်းကြောင့်တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ စီးပွားရေးတက္ကသိုလ်ကို ရွေးချယ် တက်ဖြစ်ကြသည်။

ကျောင်းတက်နေတဲ့ ကာလတွေမှာတောင် သူတို့လေးတွေကို မမောနိုင်မပမ်းနိုင် ကျောင်းထိလာတွေ့တက်တဲ့ ကိုကိုတွေကတော့ တစ်နေ့တစ်ယောက် အလှည့်ကျ ကျောင်းကိုရောက်လာတက်ကြသည်။

DD နဲ့ KK တိုရဲ့မြှောက်ပင့်ပေးမှုကြောင့် ကိုယ်ရံတော်တိုးတေဇနဲ့ စားဖိုမှူးမျိုးဗေဒါတို့ကလည်း အတွဲတွေဖြစ်သွားကြသည်။

အချိန်ရတာနဲ့ မျိုးဗေဒါနဲ့ အလွမ်းသယ်နေတက်တဲ့ ကိုကိုကြီးတိုးတေဇကို မလိမ့်တစ်ပတ်လုပ်ပြီး ကိုကိုတွေနဲ့ကျောင်းပြေးပြီးလျှောက်လည်တက်တဲ့ ပူတူးလေးတွေက Paing , Naing,  Aung ညီအစ်ကိုတွေကြောင့် တစ်ခါတစ်လေအကျင့်ပျက်တက်ကြသည်။

ဒီနေ့က ပူတူးလေးတွေဘွဲ့ယူကြတဲ့နေ့။

အချိန်အားဖြင့်လေးနှစ်ကျော်ကြာသွားခဲ့ပြီဖြစ်သည်။

ဒယ်ဒီနဲ့ ဒယ်ဒီငယ်လေးကတော့ အပျော်ဆုံးပေါ့။

“ဒယ်ဒီ့အသည်းအသက်လေးတွေက တော်လိုက်ကြတာကွာ”

“ဒယ်ဒီ ….”

“ဗျာ ……”

“ပူတူးလေးတွေကို ပညာတက်တွေဖြစ်အောင် ပြုစုစောင့်ရှောက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်”

“ဒယ်ဒီပူတူးလေးတွေ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပေးလို့ ဒယ်ဒီကလည်းကျေးဇူးတင်ပါတယ်”

“ဒယ်ဒီငယ်လေး ….”

“ဗျာ ….”

“ပူတူးလေးတွေကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးခဲ့တဲ့ ဒယ်ဒီငယ်လေးကိုလည်းကျေးဇူးတင်ပါတယ်”

“ဒယ်ဒီငယ်လေးရဲ့  ဘဝကို ပြီးပြည့်စုံစေခဲ့တဲ့ ပူတူးလေးတွေကိုလည်း ဒယ်ဒီငယ်လေးက ကျေးဇူးတင်ပါတယ်”

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now