Happy Family 🏡 08

2.8K 285 21
                                    

Happy Family 🏡 08
Zawgyi

မြန်မာနိုင်ငံရဲ့အကြီးဆုံးဟိုတယ်မှာ စားဖိုမှူးလုပ်ခဲ့ဖူးတဲ့ အချက်အပြုတ်ကျွမ်းကျင်ပညာရှင်ကြီး မျိုးဗေဒါက မိမိသည် ဘာလို့များ  မီးဖိုဆောင်ထဲက ကန်ထုတ်ခံရပြီး ထမင်းစားပွဲဝိုင်းမှာထိုင်နေရသလဲဆိုတဲ့အကြောင်းကို နားမလည်နိုင်စွာဖြင့် အကြီးအကျယ် စဉ်းစားခန်းဖွင့်နေမိသည်။

သူ့ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းနှစ်ခုက သူကိုအတော်လေးစိတ်မသက်မသာဖြစ်စေသည်။

“ငယ် မြည်းကြည့်ပါဦး”

ယောက်ချိုဇွန်းထဲက အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ကို နှုတ်ချွန်လို့ ဂရုတစိုက်နဲ့ မပူအောင်မှုတ်ပေးနေတဲ့ ဦးဒီကမောင်က သူကိုယ်တိုင် ပူ မပူ စမ်းသောက်ကြည့်ပြီးကာမှ နေဦးငယ်ဆိုတဲ့ သူ့ကြင်သူသက်ထားလင်ယောက်ျားကို မြည်းခိုင်းလေသည်။

ကြင်သူသက်ထား နေဦးငယ်ကလည်း နှုတ်ခမ်းလေးတပြင်ပြင်နဲ့ ယောက်ချိုဇွန်းထဲက ဟင်းရည်ကို မြည်းစမ်းဖို့ နှုတ်ခမ်းလေးကိုအတိုး  ဖျက်ကနဲ့အနမ်းခံလိုက်ရတာမို့ ရှက်ပြုံးကြီးပြုံးနေလေရဲ့။

နမ်းလိုက်ရတဲ့သူကော အနမ်းခံလိုက်ရတဲ့သူကော ကျေကျေနပ်နပ်ကြီးပြုံးနေပါရဲ့

“ ဒယ်ဒီကကွာ…  မကောင်းဘူး… ဘာမှန်လဲမသိဘူး” လို့ဆိုလာတဲ့ နေဦးငယ်ကြောင့် မျိုးဗေဒါတစ်ယောက် ခေါင်းလေးကို ရှေ့တိုးလို့ပင် ပြူးပြဲကြည့်နေမိသည်။

စိတ်ထဲကလည်း……

“ ကြိုက်ရက်သားနဲ့ မူနေသေးတယ်” လို့တွေးပြီး နှာခေါင်းရှုံ့ကာ

ချစ်ကြည်နူးတစ်တီတူးနေတဲ့ အတွဲဆီက အကြည့်လွဲလိုက်တဲ့ တစ်ခဏမှာပဲ

“ဟာ ချစ်ဆုံးကြီကလဲ နှုတ်ခမ်းတွေပေကုန်ပြီ ပြန်သုတ်ပေးဦး”

မဆိုသလောက်လေးပေနေတဲ့နှုတ်ခမ်းကို စူထော်ပြနေတဲ့ ဟေနိုထွန်းကိုကြည့်ပြီး

“ လက်မလေးနဲ့ သုတ်လိုက်ရင်တောင် ပြောင်တဲ့ဟာကို စကားလုပ်ပြီး….ပြီး…..”

မျိုးဗေဒါတစ်ယောက်အတွေးပင်မဆုံးလိုက် …

ဟေနိုထွန်းနှုတ်ခမ်းကို ကစ်ပစ်လိုက်တဲ့ ဦးနိုရာရှင်းကြီးရဲ့ ဇိုးဇိုးဇက်ဇက်အပြုအမှုကြောင့် မျိုးဗေဒါဆိုသည်မှာ မေးရိုးများပင်ပြုတ်ကျသွားသလိုခံစားလိုက်ရသည်။

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now