Happy Family 🏡 06

2.8K 281 27
                                    

Happy Family 🏡 06
Zawgyi

Aung Zay သည် သူ့အချစ်တော်တူလေး မိုမိုလေးအတွက် မွေးနေ့ကိတ်ဝယ်ပေးဖို့အတွက် အရုပ်ဆိုင်ဘေးက ကိတ်နဲ့ကော်ဖီဆိုင်လေးထဲသို့ ဝင်လိုက်သည်။

“မင်္ဂလာပါ  Z Cake & Coffee မှကြိုဆိုပါတယ်”

ကိတ်ဆိုင်လေးက ခုံဝိုင်းငါးဝိုင်းလောက်သာရှိပြီး ဆိုင်ခန်းကိုလည်း မိုးပြာရောင်၊ ပန်းနုရောင်၊ အဝါရောင်တို့ကိုတွဲသုံးပြီး အရုပ်ကလေးတွေနဲ့  ချစ်စရာကောင်းအောင် ပြင်ဆင်ထားသည်။

ကလေးတွေ လူငယ်တွေ အကြိုက်ဆိုပေမယ့် Aung Zay အကြိုက်တော့မဟုတ်။

Aung Zay က အနက်ရောင် အဖြူရောင်လောက်ကိုသာ စိတ်ထဲဘဝင်ကျတက်သူဖြစ်သည်။

"အစ်ကို ဘာလိုပါလဲခင်ဗျ"

အဖြူနဲ့အနက် ယူနီဖောင်းဝတ်စုံအပြည့်နဲ့ ဝန်ထမ်းကောင်လေးကြောင့် Aung Zay အတွက် အနည်းငယ် စိတ်သက်သာရာရသွားသည်။

မဟုတ်လျှင် ခပ်ကြောင်ကြောင်အရောင်တွေကြောင့် သူမျက်စိရှုပ်ပြီး ဆိုင်ထဲကပင် လှည့်ထွက်သွားမိလောက်သည်။

"မွေးနေ့ကိတ် ဝယ်ချင်လို့"

"ဟုတ်ဘယ်လိုပုံစံလေးလိုချင်ပါသလဲခင်ဗျ"

"အဆင်ပြေတာပေး"

"ဟုတ်ကဲ့ ... လူကြီးလားအတွက်လား ကလေးအတွက်လားဗျ"

ကျစ်.....

Aung Zay ရဲ့ စိတ်မရှည်မှုကြောင့် ကျစ်သတ်လိုက်တဲ့အသံက အလိုအလျောက်ထွက်လာတော့သည်။

Aung Zay အမူအရာကြောင့် ဝန်ထမ်းကောင်လေးကလဲ သူဘာများအမှားလုပ်မိသလဲလို့တွေးပြီး ခပ်ကြောင်ကြောင်လေးဖြစ်နေသည်။

" အစ်ကို ဝေရာ နောက်ထဲသွားလိုက် "

ကယ်တင်ရှင်လေး အချိန်မီရောက်လာတာကြောင့် ဝေရာဆိုတဲ့ ကောင်လေးကတော့ဆိုင်အနောက်ဘက် မုန့်ဖုတ်ခန်းထဲသို့ ခပ်သုတ်သုတ်လေးပြေးဝင်သွားတော့သည်။

" ကလေးလား လူကြီးလား မိန်းမလား ယောက်ျားလား အသက်ကဘယ်လောက်လဲ"

"ငါက ကိတ်မုန်လာဝယ်တာ"

"သိတယ် ရောင်းရရင်ပြီးကောဆိုပြီး ဖြစ်သလိုမရောင်လိုက်ချင်လို့ လိုအပ်လို့မေးနေတာ မဖြေချင်လည်းရတယ် ဈေးအကြီးဆုံးကိတ်တစ်ခုထည့်ပေးလိုက်မယ်"

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now