Happy Family 🏡 04

3.1K 291 24
                                    

Happy Family 🏡 (04)
Zawgyi

နွေ မိုး ဆောင်း သုံးရာသီရှိသည့်  အနက် မည်သည့် ရာသီဥတုမှာပဲ  ဖြစ်ပါစေ အမြဲအင်္ကျီလက်ရှည်ကိုသာ စွဲမြဲစွာဝတ်တက်တဲ့ သူတစ်ယောက်က ဒီနေ့မှာလည်း ခရမ်းဖျော့ရောင် ရှပ်လက်ရှည်အင်္ကျီဖြင့် သန့်ပြန့်လို့နေလေသည်။

အစည်းအဝေးစားပွဲထိပ်ဆုံးမှာနေရာယူထားတဲ့ ပိုင်ဇေကျော်ဇော

အသန့်ကြိုက်ပြီး အနေတည်တဲ့ သူတစ်ယောက်ဖြစ်သော်လည်း မရှိမကောင်း ရှိမကောင်း ညီဝမ်းကွဲနှစ်ယောက်နဲ့ ပေါင်းပြီး နာမည်ကျော်နေသူတစ်ယောက်ဖြစ်သည်။

ပိုင်းဇေကျောဇော၏ ဘယ်ဘက်အခြမ်းမှာထိုင်နေတာကတော့ မိန်းမရှုပ်တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နိုင်ဇေကျော်ဇော

မိန်းကလေးတစ်ယောက်ကို တစ်ပါတ်ထက်ပို တွဲလေ့မရှိဘဲ အသစ်အသစ်သော အကိတ်မလေးပေါင်များစွာနဲ့ ဇယားရှုပ်တက်သူတစ်ဦးဖြစ်တာကြောင့် မိန်းမနဲ့ပါတ်သတ်ပြီး သူ့သတင်းတွေက ကောင်းကြောင်းမရှိ။

သို့သော် စီးပွားရေးလောကမှာ ကွက်ကျော်မြင်တက်ပြီး သူမတူအောင် ထက်မြတ်သည်။

အဲ့ဒီအချက်ကြောင့်လည်း ပျိုမဒီတွေအားလုံးက ဘယ်သူကများ ကံကောင်းပြီး နိုင်ဇေကျော်ဇောဆိုတဲ့သူနဲ့ ထာဝရလက်တွဲနိုင်မလဲဆိုပြီး အလုအယက်ကံစမ်းချင်နေကြသည်။

ညာဘက်ခြမ်းမှာရှိနေတဲ့တစ်ယောက်ကတော့ ညီအစ်ကို သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ အောင်ဇေကျော်ဇော

ဆေးလိပ်သောက်လွန်းလို့ နှုတ်ခမ်းတွေပြာနေတာတောင်မှ အဲ့ဒီနှုတ်ခမ်းတွေကိုမှ စွဲလမ်းနေရတာပါဆိုတဲ့ နှုတ်ခမ်းနီမလေးတွေက အောင်ဇေမှ အောင်ဇေ တမ်းတမ်းစွဲဖြစ်နေကြသည်။

ဒေါသကြီးပြီး စိတ်မရှည်တက်တဲ့ အောင်ဇေကျော်ဇောက အသတ်အပုတ်မှာလည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာမို့ သူ့ကို ထိရဲတဲ့သူကမရှိသလောက်ပင်။

အဲ့လို ဂွကျတဲ့ လူသုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Zay  Group ကလည်း မြန်မာပြည်မှာသာမက ပြည်ပနိုင်ငံများအထိပါ လုပ်ငန်းခွဲပေါင်းများစွာရှိပြီး နာမည်ကောင်းရထားသည့် အကြီးစား စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သည်။

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now