Happy Family 🏡 12

2.8K 262 9
                                    

Happy Family 🏡 12
Zawgyi

ကွန်ပြူတာရှေ့မှာ အာရုံစိုက်နေတဲ့ ခင်ပွန်းဖြစ်သူပုခုံကိုဖွဖွလေးနှိပ်နယ်ပေးလိုက်တော့ ပြန်ရလိုက်တာက ချစ်ခင်ပွန်းထံမှ အပြုံးပြုံးနုနုလေးများဖြစ်သည်။

"ပင်ပန်းနေပြီလား ဒယ်ဒီ"

အလုပ်စားပွဲထိုင်ခုံမှာထိုင်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ပါးလေးကို ခါးလေးကိုင်းပြီးအနမ်းပေးလိုက်တော့ ခင်ပွန်းဖြစ်သူကလည်း ပုခုံးထက်နှိပ်နယ်ပေးနေတဲ့ လက်ခုံဖွေးအုအုလေးပေါ်အနမ်းလေးများပြန်ပေးလာသည်။

"ကိုယ်ချစ်ရတဲ့ငယ် အနားမှာရှိလို့ ပင်ပန်းတယ်ဆိုတာဘာမှန်းတောင်မသိတော့ဘူး"

"ဒယ်ဒီက စကားသိပ်တက်တာပဲ"

"ရင်ထဲကလာတဲ့စကားပါ။ မယုံရင်ကိုယ့်ရင်ခွင်ထဲဝင်ပြီး ကိုယ့်ရင်ခုန်သံကိုနားထောင်ကြည့်လှည့်။ ကိုယ့်နှလုံးခုန်သံတစ်ချက်စီတိုင်းက ငယ်ကိုချစ်တဲ့အကြောင်းတွေပြောနေတာ"

နေဦးငယ်လက်လေးကိုဆွဲပြီးပေါင်ပေါ်မှာထိုင်စေလိုက်တဲ့ ဒီကမောင်။

နေဦးငယ်သည် တွန့်ဆုတ်ခြင်းမရှိ ဒီကမောင်ရင်ခွင်ထဲခေါင်းလေးတိုးလို့ ရင်ခုန်သံကို နားထောင်နေရင်း

"ဒယ်ဒီရယ် ...."

"ဘယ်လိုလဲငယ် ကြားရရဲ့လား"

"ကြားတော့ကြားရတယ် ... ဒါပေမယ့်ဒယ်ဒီ့အချစ်ကို မြင်လည်းမြင်ချင်သေးတယ် ဒယ်ဒီ့အချစ်ကို မြင်ခွင့်ကောမပေးချင်ဘူးလား"

"ငယ်မြင်ချင်ရင်ပြရမှာပေါ့ ..."

နေဦးငယ် နှုတ်ခမ်းတစ်စုံကို နူးညံ့စွာနဲ့ထိတွေ့ပေးနေတဲ့ ဒီကမောင်။ နေဦးငယ်သည် နူးညံ့တဲ့ အနမ်းတွေကို အားမလိုအားမရဟန်ဖြင့် တုန့်ပြန်မှုတစ်ချို့ကို ပြန်ပေးခဲ့သော်လည်း ဒီကမောင်သည် ပြင်းရှတဲ့ ရမ္မက်တို့မပါဝင်ပဲ ထိတစ်လှည့် မထိတလှည့်နဲ့ နူးညံ့နေဆဲပဲမို့ နေဦးငယ်မှာ မျက်နှာငယ်လေးဖြင့် ......

"ဒယ်ဒီ ... စိတ်မပါလို့လား" လို့မေးလိုက်မိသည်။

"အလုပ်ခန်းထဲမှာ ငယ်ကိုအိနြေ္ဒရေပျက်အောင် ကိုယ်အဆုံးထိသွားမိမှာဆိုးလို့"

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now