Happy Family 🏡 16

2.6K 255 25
                                    

Happy Family 🏡 16
Zawgyi

တောက်(စ်) …….

တောက်ခတ်လိုက်တဲ့အသံကတော်တော်လေးကျယ်သွားတာမို့  ….

“Aung Zay မင်းဘာဖြစ်နေတာလဲ”

Naing Zay က Aung Zay ပုံကိုကြည့်ပြီး စိတ်လေတဲ့ပုံစံဖြင့်မေးလာသည်။

Naing Zay  အမေးကို Aung Zay က ပြန်မဖြေပဲ သောက်လက်စ စီးကရက်ကိုသာ သဲကြီးမဲကြီးသောက်နေသည်။

ကျစ် …..

ဒီတစ်ခါတော့Naing Zay ဘက်က ကျစ်သတ်လိုက်ခြင်းဖြစ်သည်။

“မင်းအခုလိုဖြစ်နေတဲ့ပုံစံကို တစ်ခါမှမမြင်ခဲ့ဖူးဘူး Aung Zay …. 
မင်းဘယ်သူနဲ့ငြိလာလဲမသိပေမယ့် မင်းတစ်ယောက်တည်းခက်ခဲနေရင် ငါတို့ကိုပြော ငါတို့ဘက်ကကူညီဖို့အဆင်သင့်ပဲ”

“ဟုတ်တယ် Aung Zay မင်းမှာ အခက်ခဲရှိနေရင် ငါတို့နဲ့တိုင်ပင်သင့်တယ်”

Aung Zay သည် မျက်မှောင်ကျုံ့ပြီး တစ်ခုခုကို အကြိတ်အနယ်စဉ်းစားလိုက်ပြီးမှ

“ငါ … လူတစ်ယောက်ကို သုံးခါတောင်အရှုံးပေးလိုက်ရတယ်” ဟုရှက်ရှက်ဖြင့်ဝန်ခံလိုက်ရသည်။

“ဘာ…..”

Naing Zay နဲ့ Paing Zay ရဲ့ “ဘာ”ဆိုပြီး တအံ့တဩဖြစ်နေတဲ့အသံကြီးက အခန်းထဲဟိန်း ထွက်လာသည်။

ဆိုဖာထိုင်ခုံလက်တန်းပေါ်မှာထိုင်နေတဲ့ Aung Zay က Paing Zay ရဲ့ အလုပ်စားပွဲပေါ်သို့ပြောင်းပြီးတင်ပါးလွဲဝင်ထိုင်လိုက်သည်။

“အံ့ဩသွားတယ်မဟုတ်လား ငါလည်းအံ့ဩနေတာ”

“ဘယ်သူလဲ … ဘယ်ကကောင်လဲ … အကောင်ကြီးထဲကလား …… ဒါမင်းတစ်ယောက်တည်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်တော့ဘူး”

“ဟုတ်တယ် Aung Zay ….. Naing Zay ပြောတာမှန်တယ်။ မင်းကိုထိရင် ငါတို့နဲ့လဲဆိုင်တယ်။”

Paing Zay က လုပ်နေလက်စအလုပ်ကိုပင် ဆက်မလုပ်မတော့ပဲ ကွန်ပြူတာကိုပါပိတ်ပစ်လိုက်သည်။

“ဟက် ….  ငါပြောပြလို့ ငါ့ကို အနိုင်ယူသွားတဲ့ကောင်က ဘယ်သူလဲသိရင် မင်းတို့ငါကိုလှောင်မှာသေချာတယ် အဲ့တာထက်ယုံချင်မှတောင်ယုံမှာ”

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now