Happy Family 🏡 09

2.7K 256 4
                                    

Happy Family 🏡 09
Zawgyi

Junction City ရောက်တာနဲ့ ပူတူးလေးတွေလည်း တစ်ယောက်တစ်နေရာဆီလမ်းခွဲလိုက်ကြသည်။

စိတ်ကျေနပ်သည်အထိ  လည်ပတ်ဝယ်ခြမ်းနေကြတာမို့ အချိန်တွေကုန်လို့ကုန်မှန်းတောင်မသိကြတော့။

Z တစ်ယောက် ရေခဲမုန့်ဆိုင်ထဲဝင်ပြီး ရေခဲမုန့်စားနေတုန်း မက်ဆေ့ဝင်လာတာကြောင့် ဖတ်လိုက်တော့

*** Zလေး ကိုကိုတို့  Zလေး ကို JC ထဲဝင်သွားတာတွေ့လိုက်လို့ ကိုကိုတို့က အဲ့နားမှာသင်တန်းလာတက်တာ ***

မာန်ပြည့်သျှားပြည့်တို့ညီအစ်ကိုတွေက Zလေးကို JC ထဲဝင်သွားတာတွေ့လိုက်ကြောင်းဖြစ်နေသည်။

Zလေးကလည်း

*** Zလေး ကိုကိုတို့သင်တန်းဘက်ကိုထွက်လာခဲ့မယ်စောင့်နေပါ ***

ဆိုပြီး စာပြန်လိုက်သည်။

ထို့နောက် Zလေးလည်း သင်တန်းရှိရာနေရာသို့ဦးတည်လျှောက်သွားလိုက်သည်။

ထိုစဉ် ……

ရင်းနှီးနေတဲ့လက်တစ်ဖက်က မျက်လုံးထဲရောက်လာခဲ့သည်။

ရင်းနှီးဆို လက်ညိုးမှာဝတ်ထားတဲ့ အရိုးခေါင်းလက်စွပ်ကြောင့်ဖြစ်သည်။

“ဟိုလူကြီး…”

Zလေးတစ်ယောက်နှုတ်ခမ်းလှုပ်ရုံသာရေရွတ်လိုက်သည်။

ထို့နောက် ……

ကားမှန်တံခါး ဘောင်အပြင်ဘက်သို့ ထွက်နေတဲ့ လူကြီးလက်ထဲက စီးကရက်တိုကိုဖျက်ခနဲ လုယူပြီး သူစားနေလက်စ စုပ်လုံးချောင်းလေးကို လူကြီး လက်ကြားထဲထိုးထည့်ပေးပြီး တန်းနေအောင်ပြေးတော့သည်။

စုပ်လုံးတစ်လုံးနဲ့ ကျန်ခဲ့တဲ့လူကြီးကတော့ ရှူးရှူးရှဲရှဲဖြင့် ဒေါသဖြစ်ကာကျန်နေခဲ့သည်။

“Zလေး ဘာလို့ပြေးလာတာလဲ မောနေတော့မယ်”

မာန်ပြည့်က ကျောပိုးအိတ်ထဲက ရေဗူးကိုယူပြီး Zလေးကို တိုက်နေသည်။

Zလေးကလည်း ရေဗူးကိုယူပြီး မော့သောက်မည်ပြုလိုက်သည်။ သို့သော် ရေဗူးလေးက တစ်စုံတစ်ယောက်လက်ထဲပါသွားပြီး သူဂုတ်ကလည်း တစ်စုံတစ်ယောက်စောင့်ဆွဲတာကို ခံလိုက်ရသည်။

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now