Happy Family 🏡 02

3.6K 312 5
                                    

Happy Family 🏡 02
Zawgyi

ခြေညှပ်ဖိနပ်အပါးလေးကိုချွတ်ပြီး ခြံထဲကမြက်ခင်းစိမ်းပေါ်မှာ လမ်းလျှောက်ရင်း အပင်တွေကိုရေလောင်းနေတဲ့ နေဦးငယ်။

ရေစိုနေတဲ့ မြက်ခင်းစိမ်းနဲ့ထိတွေ့ခွင့်ရလို့ စိုစွတ်နေတဲ့ခြေဖဝါးပြင်က ဖြူနုတဲ့အသားအရည်ကြောင့် အနည်းငယ်နီးမြန်နေလေသည်။

ညနေခင်း နေအေးချိန်လေးမှာ ပန်းပင်တွေကိုရေးလောင်နေရတာကလဲ စိတ်ကိုတစ်မျိုးလေးတော့ အေးချမ်းစေသည်။

သဘာဝရဲ့ အထိအတွေ့ကို သေချာခံစားနေတဲ့ နေဦးငယ်ရဲ့ခြေဖဝါးလေးကအခုတော့ လေပြေလေညှင်းလေးတွေရဲ့ တိုးဝှေ့ကျီစယ်မှုကိုခံလိုက်ရသည်။

" ဒယ်ဒီ ဘာလုပ်ဖို့ချီတာလဲ "

" ခြေထောက်တွေရေစိုနေပြီ ကြာရင်ဖျားလိမ့်မယ် "

ဒီကမောင် လစ်ရင်လစ်သလို ငယ်က လုပ်ချင်တာလုပ်တက်သည်။ အခုလည်း ဒီကမောင်စာရင်းတွေနဲ့ရှုပ်နေတုန်း ပန်းပင်တွေကို အပင်ပန်းခံပြီးရေလောင်နေပြန်သည်။

ရိုးရိုးတန်းတန်းရေလောင်းနေတာဆိုအကြောင်းမဟုတ်သော်လည်း ခြေဗလာနဲ့ မြက်ခင်းပြင်ကိုနင်းပြီး ပန်းပင်တွေကိုရေလောင်းနေတာကြောင့် အခုလိုကောက်ပွေ့ပြီးချီပစ်လိုက်ရတာဖြစ်သည်။

အဲ့လိုမှမချီရင် "ဒယ်ဒီကလဲ ခဏလေးပါ" ဆိုပြီး လူကိုအပျော့ဆွဲ ဆွဲနေဦးမှာသေချာသည်။

" ပိတုန်းရေ …… ဟေ့ပိတုန်း……"

" ဗျာ …… လာပါပြီ "

" ပိတုန်းခေါ်တာ ဘယ့်နှယ့် တိုးတေဇကရောက်လာတာတုန်း "

" ပိတုန်းက ပူတူးလေးတို့မုန့်ဝယ်ခိုင်းလို့သွားဝယ်နေလို့ပါ "

"  ဒါဆိုလည်းထားလိုက်ပါ "

တိုးတေဇက စံအိမ်ကြီးနဲ့စံအိမ်ကလူတွေအားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူထားရတဲ့ ကိုယ်ရံတော်ဖြစ်နေတာကြောင့် ဒီကမောင်အနေဖြင့် လက်တိုလက်တောင်းမခိုင်းလို။

" ရပါတယ်ပြောပါ ကျွန်တော်ဘာကူပေးရမလဲ "

" တေဇမြင်တဲ့အတိုင်းပဲ ဦးက ငယ့်ကိုချီထားရလို့ ဦးလက်တွေမအားဖြစ်နေတာ အဲ့တာ ရေပိုက်လေးကူသိမ်းပေးစေချင်လို့ပါ "

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now