Happy Family 🏡 15

2.7K 271 24
                                    

Happy Family 🏡 15
Zawgyi

“J လေး ကိုယ့်ကိုဘာလို့ မသိချင်ယောင်ဆောင်နေရတာလဲ”

“ဦးလေးကြီးကကော J ကိုဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ”

J လေးရဲ့ တန်ပြန်မေးခွန်းကြောင့် Paing Zay မှာ သဘောတကျပြုံလိုက်မိတော့သည်။

“အင်း …. ဒီလိုပါပဲ”

“ဟုတ်… J လည်း ဒီလိုပါပဲ”

“ဟား … ဟား… ဟုတ်ပါပြီ”

Paing Zay သည် J လေးရဲ့ ဂျစ်ကန်ကန်ပုံစံလေးကြောင့် Jလေးရဲ့ ဆံပြာလေးတွေကိုဖွရင်း ပါးတစ်ဖက်ကိုလည်း အသည်းယားစွာ ဆွဲညစ်ပစ်လိုက်တော့သည်။

တည်ငြိမ်ပါတယ်ဆိုတဲ့ Paing Zay ဟာ သူရဲ့ အပြုအမှုတွေကိုပင် ထိန်းမထားနိုင်လောက်အောင် သတိလက်လွတ်ဖြစ်ကာ ပါပီပေါက်လေးကို အသည်းယားနေမိတော့သည်။

J လေးကတော့ သူ့ဆံပင်တွေပွသွားတာကြောင့် Paing Zayကို  မျက်စောင်းထိုးပြီးကြည့်နေသည့်အပြင် ရုပ်ကလည်း ချက်ချင်းဆူပုတ်လာသည်။

“ပါပီပေါက်က ချစ်စရာကောင်းလို့ အသည်းယားသွားတာ ဆောရီးပါ”

“ပါပီပေါက် …. ပါပီပေါက်က ဘယ်သူလဲ”

“J လေး,လေ”

ပါပီပေါက်လို့ အခေါ်ခံလိုက်ရတဲ့ J လေးက Paing Zay ကို စိတ်ဆိုသွားပြီး ချက်ချင်ကျောခိုင်းကာ အိမ်ထဲပြန်ဝင်ဖို့ လှည့်ထွက်သွားတော့သည်။

Paing Zay ကလည်း သူ့ ပါပီပေါက်လေးစိတ်ဆိုးသွားမှန်းသိ၍ J လေး လက်ကို အမိအရပြန်ဖမ်းဆွဲပြီး ….

“ချစ်စနိုးနဲ့ပြောတာလေ စိတ်မဆိုးရဘူး”

“စိတ်မဆိုးပါဘူး …”

နှုတ်ခမ်းတစ်တောင်လောက် စူနေတဲ့ ပါပီပေါက်လေးက စိတ်မဆိုးဘူးလို့ ပြောလာတော့ Paing Zay ရယ်ချင်မိသွားသည်။

သို့သော် သူရယ်လိုက်လျှင် ပါပီပေါက်လေး ပိုပြီးစိတ်ဆိုးသွားမှာစိုး၍ မရယ်မိအောင်ထိန်းထားလိုက်သည်။

ထို့နောက် ပါပီပေါက်ရဲ့ လက်သေးသေးလေးကို အသာဆွဲပြီး …

“ခြံထဲမှာ ပန်းတွေအများအကြီးပဲ ဘာပန်းတွေလဲကိုယ့်ကို လိုက်ပြပေးဦးကလေးလေး”

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now