Happy Family 🏡 11

2.7K 258 18
                                    

Happy Family 🏡 11
Zawgyi

အရုပ်တွေနေရာချသလိုလိုနဲ့ အရုပ်တွေကို ကိုင်ဆော့နေတဲ့ Yလေး။

“ဟူး … တစ်လပြည့်လို့မှ လူကြီးမလာရင် Yလေးတော့ ရှုံးပါပြီ။”

Yလေးတစ်ယောက် စိတ်မောလူမောနဲ့သက်ပြင်းလေးချကာ ညည်းငြူ နေတုန်းမှာပဲ

“မင်္ဂလာပါ “Y”  Toys Store မှ ကြိုဆိုပါတယ်။”

ဆိုင်ထဲသို့ ဝယ်သူဝင်လာတာကြောင့် ဆိုင်ဝင်ပေါက်နားလေးကိုလှမ်းကြည့်လိုက်တော့ Yလေးမျှော်နေတဲ့သူဖြစ်နေတာကြောင့် ပျော်သွားတော့သည်။

“ဦးလေးကြီး”

Big customer ကြီးနားသို့ ခုန်ပေါက်ပြီးရောက်သွားတဲ့ Yလေး။

“ပေါက်စ ……"

“ဟမ် ……
ပေါက်စ ……
ပေါက်စဆိုတဲ့ အရုပ် Yလေးတို့ဆိုင်မှာ မရှိဘူးဗျ”

“ပေါက်စဆိုတာ ပေါက်စကိုပြောနေတာ”

Yလေးကိုလက်ညိုးထိုးပြီး ပေါက်စလို့ခေါ်နေတဲ့ ဦးလေးကြီးကြောင့် Yလေးနှုတ်ခမ်းမှာ အလိုလိုစူသွားတော့သည်။

သို့သော် ဒီလအတွက် ရောင်းအားများများတက်မှ K POP ALBUM တွေကိုဝယ်လို့ရမှာမို့လို့ ပါးလေးတွေမို့တက်သွားတဲ့အထိကို ပြန်ပြုံးထားလိုက်ရသည်။

မုန့်ဖိုးကိုစည်းကမ်းနဲ့သာပေးသုံးတဲ့ ဒယ်ဒီငယ်လေးကြောင့် သူဌေးရဲ့သား သူဌေးသားဆိုပေမယ့် ငွေတန်ဖိုးကိုတော့ကောင်းကောင်ကြီးနားလည်ထားသည်။

“မောင် …. ပြောတော့ချစ်အတွက်လက်ဆောင်ဝယ်ပေးမယ်ဆိုပြီး ဘာလို့ ကလေးအရုပ်ဆိုင်ခေါ်လာရတာလဲ”

ဦးလေးကြီးနောက်ကပါလာတဲ့အဒေါ်ကြီးက ခြေတံရှည်ရှည် မျက်နှာသွယ်သွယ်ဖြင့် ကြည့်ကောင်းလွန်းသည်။

သို့သော် ချွဲပြစ်နေတဲ့ အသံက ဖျက်နေတာကြောင့် စိတ်ပျက်စရာကောင်းတဲ့ပုံပေါက်နေသည်။

သို့ပါသော်ငြားလည်း Yလေးအတွက် ရောင်းအားတက်ရေး ဒို့အရေးဖြစ်နေတာကြောင့်

“မမကလည်း …… မမက ကလေးလေးလိုချစ်ဖို့ကောင်နေမှတော့ ဦးလေးကြီးက ကလေးအမှတ်နဲ့ မှားပြီးခေါ်လာမိတော့တာပေါ့ဗျ”

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now