Happy Family 🏡 14

2.7K 247 23
                                    

Happy Family 🏡 14
Zawgyi

လွန်ခဲ့သောနှစ်ရက်ခန့်  ……

Paing Zay… 
Naing Zay … 
Aung Zay …

ထိုညီအစ်ကို သုံးယောက်က အပြင်မှာသာ ကိုယ့်အထာနဲ့ကိုယ် နေချင်သလိုနေကြတာ မိခင်တွေကိုတော့ အရမ်းချစ်ကြတာမို့ မိခင်တွေစကားဆို ပယ်ရှားခဲသည်။

ဟိုတယ် ဖွင့်ပွဲအတွက် ပွဲတက်ဝတ်စုံချုပ်ဖို့ကို မိခင်ဖြစ်သူတွေက နေရာပြောင်းချုပ်ဖို့  တိုက်တိုက်တွန်းတွန်းလုပ်နေကြတာမို့ Paing, Naing, Aung တို့သုံးယောက် ခေါင်းကိုက်နေရသည်။

“Mommy …. သားတို့အရင်ချုပ်နေတဲ့နေရာက ဘာဖြစ်လို့လဲ”

Naing Zay တစ်ယောက် ရလို့ရညား စောဒကတက်မိလိုက်တော့

“Mommy မကြိုက်လို့ပေါ့ သားရယ်။ အင်္ကျီဒီဇိုင်းတွေက ကြောင်ကြောင်ကျားကျားနဲ့ Mommy သားတွေက အချောလေးတွေမို့ ဝတ်လိုက်ရင်ကြည့်ကောင်းသွားပေမယ့် Mommy တော့ မကြိုက်ဘူးသားတို့ရယ်”

“Mommy အဲ့တာက လူငယ်ဖက်ရှင်ဆိုတော့ Mommyတို့ မျက်လုံးထဲတော့တစ်မျိုးဖြစ်နေမှာပေါ့”

ဒီတစ်ခါတော့ Aung Zay ကဝင်ပြောလိုက်ချင်းဖြစ်သည်။

“အဲတော့ Paing Zay တို့က Mommyတို့ စကားနားမထောင်ဘူးပေါ့ ”

Paing Zay’Mommy ရဲ့ ခပ်ပြတ်ပြတ်အမေးကြောင့် Paing, Naing, Aung သုံးယောက်လုံးမှာ မိခင်တွေ စိတ်ဆိုးမှာစိုး၍ ခေါင်းညိတ်လက်ခံလိုက်ရတော့သည်။

ဖေဖေတို့ကိုတောင် Mommy တို့က စွယ်ချင်သေးတာ။ ချုပ်နေကျ ဒီဇိုင်နာနဲ့က လုပ်ငန်းသဘောအရ ဆက်စပ်နေလို့ မျက်နှာပျက်ရမှာစိုး၍ အလွတ်ပေးထားခြင်းဖြစ်သည်။

Mommyတွေအသည်းစွဲဖြစ်နေရတဲ့ ဒီဇိုင်နာလက်ရာကိုတော့ Paing Naing Aung ညီအစ်ကိုတွေ အနည်းငယ်တော့ စိတ်ဝင်စားမိသည်။

အဲ့တာကြောင့်လည်း ဒီဇိုင်နာနေဦးငယ်အကြောင်းကို စုံစမ်းကြည့်မိတော့ နာမည်ရဒီဇိုင်နာတစ်ယောက်ဖြစ်နေပြီး ဒီဇိုင်းနဲပတ်သတ်ပြီး နာမည်ကြီးပေမယ့် ပုဂ္ဂိုလ်ရေးနဲ့ပတ်သတ်ပြီး သတင်းတွေသိပ်မတွေ့ရ။

ဒီလူက သိုသိုသိပ်သိပ်နေတက်တာပဲလို့ Paing, Naing, Aung ညီအစ်ကိုတွေကောက်ချက်ချလိုက်ကြသည်။

DADDY {S-1} & HAPPY FAMILY {S-2} (2021){Complete}Where stories live. Discover now