Bloom into you

1.6K 59 44
                                    

Original author: ILJIDO
Tags: Fluff, Doctorseungwan, Floristjoohyun
Link: https://www.asianfanfics.com/story/view/1483359/bloom-into-you

(Translator's note; [ ] ထဲမှာ ရေးထားပေးတဲ့ Flowers language တွေဟာ မူရင်းFiction မှာ မပါဝင်ပဲ Translator က Readers တွေအတွက် ရှာပြီး ထည့်ပေးထားခြင်းသာဖြစ်တာကြောင့် မူရင်း Author ဆိုလိုချင်တဲ့ Flowers language နဲ့သွေဖယ်ခဲ့သော် Translator ရဲ့ အသုံးမကျမှုသာဖြစ်ပါတယ်။ Flowers language တွေကို Common ဖြစ်တာတွေသာ ရေးထည့်ပေးထားတဲ့အတွက် ပန်းရဲ့ အရောင်ပေါ်မူတည်၍လဲ အဓိပ္ပါယ် ကွာခြားတာမျိုးရှိနိုင်ပါတယ်)

Bloom into you ( Myanmar translation )




ဒါတွေ အားလုံးရဲ့အစကတော့ ခပ်သေးသေးအပင်လေးတစ်ပင်ကြောင့်ပါ

တိတိကျကျပြောရရင်တော့ Succulent လေးတစ်ပင်ကြောင့်ပေါ့. . . . .

Dr. Kang က သူ့ရုံးခန်းကို ပိုပြီးလန်းလန်းဆန်းဆန်းဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီခပ်သေးသေးအပင်လေးကို ပေးခဲ့တာပါ

Dr. Kang ရဲ့အဆိုအရတော့ ကလေးအထူးကုဆရာဝန်တစ်ယောက်အနေနဲ့ သူ့ရဲ့ရုံးခန်းမှာ ဂုဏ်ပြုလက်မှတ်တွေချည်းချိတ်ဆွဲထားတာဟာ သင့်တော်လှတဲ့ အဆင်အယင်မဟုတ်ပါဘူးတဲ့

ဒီအဆိုကို ပြန်ချေပရမယ်ဆိုရင် သူ့ရုံးခန်းမှာ ဂုဏ်ပြုလက်မှတ်တွေချည်းလည်းမဟုတ်ပါဘူး

တိရစ္ဆာန် ကာတွန်းပုံလေးတွေလဲ ကပ်ထားပါသေးတယ်

ဒါပေမယ့်လဲ အာရုံကြောအထူးပြုဆရာဝန်တစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ သိပ်ပြီး လန်းဆန်းစေမယ့် အဆင်အယင်မျိုး ဟုတ်ပုံတော့မရပါဘူး

အဲ့တာကြောင့်ပဲ သူ့သူငယ်ချင်းကို အပင်အသေးစားလေး လက်ဆောင်ပေးခဲ့တာဖြစ်လောက်ပါတယ်

ဒါပေမယ့် ဒီအပင်က ဘာများ လန်းဆန်းစေမလဲ ဆိုတာတော့ Seungwan သေချာပေါ့ သိမနေခဲ့ပါဘူး

Seungwan ကတော့ ဒီခပ်သေးသေးအပင်လေးကို Small Seul လို့ နာမည်မှည့်ထားလိုက်တယ်

တကယ့် လူသား Seul အပေါ်လောက်တေ့ ဒီအပင် Seul ကို သတိတရတော့မရှိလှပါဘူး

သူ့ရဲ့ ပြည့်နေတဲ့ အချိန်ဇယားတွေနဲ့ မေ့တတ်တဲ့အကျင့်ရယ်ကြောင့် ဒီခပ်သေးသေးအပင်လေးဟာ သတင်းပတ်အနည်းငယ်အကြာမှာ ကံမကောင်းစွာနဲ့ သေသွားရပါတယ်

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now