Teacher Shon!

328 31 14
                                    

Original Author : TeamReowesome
Genre : Fluff, Age_gap
Link : https://www.asianfanfics.com/story/view/1419386/6/teacher-shon


Wendy Shon Seungwan ဒါမှမဟုတ် သူ့တပည့်တွေခေါ်တဲ့အတိုင်းဆို teacher Shon က သူ့ရဲ့ ဆရာမဆိုတဲ့ဂုဏ်ပုဒ်ကို အလွန်တန်ဖိုးထားတတ်သူရယ်ပါ

ဆရာမဖြစ်ချင်ခဲ့တာဟာ သူ့ရဲ့ကလေးဘဝကတည်က သန္ဓေတည်လာခဲ့တဲ့ ဆန္ဒဆိုလဲမမှားပါဘူး


စာသင်တယ်ဆိုတာကို မြတ်နိုးသလိုမျိုး ကိုယ့်ထက်ငယ်တဲ့မျိုးဆက်သစ်လေးတွေကို အသိပညာဗဟုသုတတွေမျှဝေရင်း သူတို့ရဲ့ စိတ်အလင်းတံခါးကိုဖွင့်ပေးရတာက သူတို့လေးတွေရဲ့အနာဂတ် ရည်မှန်းချက်တွေနဲ့ပိုပြီးနီးစပ်စေမယ့် မျှော်လင့်ချက်တွေ မျိုးစေ့ချပေးတာနဲ့တူတယ်လို့ Seungwan ကယူဆတယ်

သူ့ရဲ့ကျောင်းသားတွေ သူ့မျက်စိရှေ့မှာပဲ အရွယ်ရောက်လာတာကိုစောင့်ကြည့်ရတာက Seungwan အတွက် အတော်ပဲ စိတ်ဝင်စားစရာကောင်းတယ်

အရွယ်ရောက်လာတယ်ဆိုတာက Seungwan အတွက်တော့
လူငယ်တွေရဲ့ စိတ်ကူးတွေ ဘယ်လောက်ဖြန့်ကျက်နိုင်ပြီလဲ

ဖန်တီးနိုင်စွမ်းတွေကို အကန့်အသတ်မဲ့စေနိုင်ကြပြီလား

သူတို့ရဲ့ ဆင်ခြင်တုံတရားတွေ ရင့်သန်လာကြရဲ့လား

အတွေးတွေကရော ရောင်စုံခြယ်လှပနေကြပြီလားဆိုတာနဲ့တိုင်းတာတာပါ

ဆရာမအလုပ်ဆိုတာ ထင်ထားတာထပ်ပိုပြီး စိန်ခေါ်မှုတွေနဲ့ ပြည့်နက်နေတဲ့ အလုပ်မျိုးပါ

ကျောင်းသားတစ်ယောက်စီတိုင်းဟာ မတူညီတဲ့အတွေးအခေါ်တွေကိုဆုပ်ကိုင်ထားကြသလိုပဲ သူတို့ရဲ့ personality တွေကလဲ ကွဲပြားကြပါတယ်

တချို့ကျောင်းသားတွေက ပေါင်းသင်းဆက်သွယ်ရေးတွေမှာ အရမ်းသဟဇာတမျှမျှ အပေးအယူလုပ်နိုင်ကြကာ တက်ကြွတဲ့ personality ရှိကြပေမယ့်


တစ်ချို့ကတော့  အတန်းထဲမှာစာမေးချင်တာတောင် သူတို့အသံ သူများကြားနိုင်စေဖို့ မလုပ်ဆောင်ရဲကြအောင်ကို အရှက်သည်းကြတာလဲ ရှိတတ်ပါတယ်

တချို့က အသစ်အသစ်သောအရာတွေကိုဆည်းပူးရတာကို စိတ်အားထက်သန်ကြသလောက်

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now