Fics

317 35 24
                                    

Original Author : SLfics
Tag : Comedy
Link : https://www.asianfanfics.com/story/view/1392331/fics
Description : In which Irene reads fics

. . . . .

Tags: cheating, wenrene

Tags တွေကို မြင်လိုက်ယုံနဲ့တင် Irene ရဲ့ နားရွက်ထဲက မီးခိုးတွေထွက်လာတော့မလို ဒေါသထွက်သွားရတယ်

ဒါပေမယ့် သူ Link ကိုနှိပ်ပြီး ဇာတ်လမ်းကို ဝင်ဖတ်ကြည့်လိုက်တယ်

အဲ့ဒိမှာတင် သူတော်တော် နောင်တရသွားမိတယ်

လူတွေကိုလဲ အံ့သြပါရဲ့ သူက Wendy အပေါ်ကို ဖောက်ပြန်ရက်လိမ့်မယ်လို့ ဘယ်လိုများတွေးခေါ်ကြံဆနိုင်ကြရတာလဲ ?

ဒါနဲ့ပဲ သူဆက်မဖတ်တော့ပဲ တခြား တစ်ပုဒ်ကို ပြောင်းဖတ်ကြည့်ဖို့ ကြိုးစားလိုက်တယ်

Tags : wenrene, aRamdomPersonsName

" လာပြန်ပြီနောက်တစ်ယောက် ဘယ်လိုတောင်လဲ ?"

ထပ်ပြီးတော့ ဖောက်ပြန်တဲ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေရတယ်

ဒီတစ်ပုဒ်မှာလဲ ဖောက်ပြန်တဲ့သူက Irene ပဲ ...

" အစကတည်း Tag မှာ ဖောက်ပြန်တာပါရင် ပါတဲ့အကြောင်းထည့်မရေးထားဘူး
ဒါမှမဟုတ်လဲ အစကတည်းကကို အခုလို ချီးထုပ်ဇာတ်လမ်းမျိုးမရေးခဲ့ရမှာ

ဒီလို ပေါက်ကရတွေနဲ့ ငါတော့ သွေးတက်နေရပြီ "

စိတ်ကူးယဥ်ဇာတ်လမ်းထဲမှာဆိုရင်တောင်မှပဲ . .  Wendy သူ့ကြောင့် အသည်းကွဲရတယ်လို့တွေးလိုက်မိရင် သူရင်နာနေရတာကို . . .
ဘယ်လိုများ ရေးရက်ရတာပါလိမ့်နော်

Wendy ဆိုတဲ့ လူသားကို ပိုင်ဆိုင်ထားရပြီးမှတော့ တခြားသူတစ်ယောက်ဆီ ခြံခုန်ဖို့ဆိုတာ ဘယ်လိုတွေးတွေး ယုတ္တိရှိမလာတဲ့ ကိစ္စကြီးကို . . .

Wendy သူ့ကြောင့်နာကြင်ရမှာကိုတွေးမိယုံနဲ့တင် သူ့ရဲ့ စိတ်က ဘယ်လိုမှ ခံနိုင်စွမ်းမရှိတော့တာ သူတို့ကို သိစေချင်တယ်-

" ချီးထုပ်ဇာတ်လမ်းတွေ "

__

Fanfiction တွေ တစ်ခုပြီးတစ်ခုဖတ်ကြည့်နေပေမယ့် သူ စိတ်တိုင်းကြမိတာမျိုး မတွေ့ရသေးဘူး ဖြစ်နေတယ်

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now