Bad for business

424 38 24
                                    

Original Author : ILJIDO
Tags : hanahakidiseaseau, crack
Link : https://www.asianfanfics.com/story/view/1497654/bad-for-business

[ T/N : Hanahaki Disease  ဆိုတာကို မသိကြတဲ့ Reader တွေအတွက် ရှင်းပြတာပါ။
Hanahaki Disease  ဆိုတာ Fictional Disease(စိတ်ကူးယဥ် ဇာတ်လမ်းတွေထဲမှာပဲ ရှိပြီး အပြင်မှာတကယ်မရှိတဲ့ရောဂါ)တစ်မျိုးပါ။
ကိုယ့်ကို ပြန်ပြီးချစ်မလာမယ့် သူတစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အချိန် ကိုယ့်ရဲ့အချစ်တွေကို အရမ်းသိုသိပ်ဖုံးကွယ်ရတဲ့အခါမှာ ခံစားရတဲ့ ဝေဒနာတစ်မျိုးပါ။

ဘယ်လိုခံစားရတာလဲဆိုရင်တော့ သူတို့ရဲ့ မြိုသိပ်ထားရတဲ့ အချစ်တွေက ပန်းပွင့်ချပ်လေးတွေ အဖြစ်ပြောင်းသွားပြီး အဆုတ်ထဲမှာ ထွက်ပေါ်လာရာကနေ ဝေဒနာခံစားရတဲ့သူ ချောင်းဆိုးတဲ့အခါမှာ ပန်းရဲ့ပွင့်ဖတ်လေးတွေ ပါလာတတ်တဲ့ ပုံစံပါ။
Hanahaki disease ကို ကုလို့ရတဲ့နည်းနှစ်ခုရှိပါတယ် ပထမတစ်ခုကတော့ ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကို ချစ်သူတစ်ယောက်အနေနဲ့ပြန်ချစ်တာပါ။ ( သူငယ်ချင်းလိုမရပါ )
နောက်တစ်နည်းကတော့ ခွဲစိတ်ပြီးဖယ်ထုတ်ရတာပါ။
ဒုတိယနည်းမှာတော့ Side effect က ကိုယ် ဒ်ီရောဂါကို ခွဲစိတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့သူအပေါ် ချစ်နေတဲ့ခံစားချက်တွေဟာ ပန်းပွင့်ချပ်တွေနဲ့အတူပျောက်ပျက်သွားရမှာပါ။
နည်းနှစ်ခုထဲက တစ်ခုခုနဲ့ ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ခဲ့ဘူးဆိုရင်တော့ နောက်ဆုံးမှာ ပန်းတွေက အဆမတန်ကြီးထွားလာရင်း အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့လိုက်တဲ့အခါမှာ လူနာဟာ သေသွားမှာပါ။

ဒီနေရာမှာ တစ်ခုရှိတာကတော့ ကိုယ့်အဆုတ်ထဲမှာ ဖြစ်လာမယ့်ပန်းက ကိုယ့်ရဲ့ တစ်ဖတ်သတ်ချစ်နေရသူကို တနည်းနည်းနဲ့ ကိုယ်စားပြုတဲ့ ပန်းတစ်မျိုးဖြစ်တတ်ပါတယ်။ ( ဥပမာ ;သူကြိုက်တဲ့ပန်း or သူရဲ့ Personality နဲ့တူတဲ့ပန်း )

များသောအားဖြင့် ပန်းတစ်မျိုးတည်းကိုသာ ရောဂါပျောက်ကင်းတဲ့အထိ ဒါမှမဟုတ် သေဆုံးတဲ့ အချိန်အထိ Cough up ဖြစ်သွားရတာပေမယ့် အခုFic မှာတော့ ရောဂါသက်တမ်းအလိုက် ပန်းအမျိုးအစားပြောင်းသွားတာကို တွေ့ရမှာပါ။

ဒါကတော့ Author ILJIDO ဖန်တီးထားတဲ့ပုံစံပါ
မူရင်း Hanahaki Disease တွေကတော့ အဲ့လိုမဟုတ်ပါဘူး။

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now