Mother Knows Best

419 46 12
                                    

Original author : pajamagirl
Tag : familyau
Link : https://www.asianfanfics.com/story/view/1451892/1/mother-knows-best

Sub Title : Still a little sapling, Just a sprout



" ကဲ အခုပြောပြလို့ရပြီလား ဘယ်လိုတွေဖြစ်ရတာလဲ "



Yerim ကဘာမှ ပြန်မပြောပဲ ကားရပ်ရပ်ချင်းပဲ ချက်ချင်းဆင်းပြီး ကားတံခါးကို ဆောင့်ကြီးအောင့်ကြီးပိတ်သွားတယ်


Wendy လဲ ကားရပ်လိုက်ပြီး သူ့သမီးနောက်ကနေ အိမ်ထဲလိုက်ဝင်လိုက်ရင်း




" သမီးဆရာမက ဖုန်းဆက်တော့ ဘယ်လောက်လန့်သွားရသလဲ သိရဲ့လား


စီနီယာကောင်လေးကို နှာရိုးကျိုးအောင်တောင် ထိုးလိုက်တယ်တဲ့လေ

ဘာလို့လဲ ဆိုတာပြောပြမှကိုဖြစ်မှာနော် Bae Yerim
လုပ်တုန်းကလုပ်ခဲ့ပြီး

ဘာလို့အခုမှ စကားမပြောတတ်ရတော့တာလဲ"


အခုထိကို Yerim ဆီက ဘာစကားမှထွက်မလာတဲ့အပြင် ဖိနပ်ကိုပါကန်ပြီး ဂျစ်ကန်ကန်နဲ့ဆောင့်ချွတ်လိုက်တယ်

" တကယ်ပဲ ဘာမှမပြောတော့ဘူးလား Yerim?"


Yerim ကတော့ မထုံတတ်တေးလုပ်နေဆဲပါ



" ကောင်လေးဖက်ကမိဘတွေကျေနပ်လောက်အောင် Wan ဘယ်လောက်တောင်းပန်ခဲ့ရလဲ သိရဲ့လား


ဖုန်းကိုင်တဲ့သူက Wan ဖြစ်နေလို့ Yerim ကံကောင်းသွားတာ

ဖုန်းလာတဲ့အချိန် Yerim အမေသာ အိမ်မှာရှိခဲ့ရင် အခုလို လုပ်နေလို့ရမယ်ထင်လား


ဘာလို့လဲဆိုတာပြောပြလေ Squirtle လေးရယ်


Wan သိပါတယ် Yerim အမေနဲ့ Wan လက်ထပ်ထားတာကြောင့်သာ Wan က Yerim အမေဖြစ်နေရတာ

မင်းအမေအရင်းတော့ဖြစ်မလာနိုင်ဘူးဆိုတာ ဒါပေ. . "


" ဟုတ်တယ် မှန်တယ် "

" ဘာမှန်တာလဲ "


Yerim ကြမ်းပြင်ကိုခေါင်းစိုက်ကြည့်နေရင်းကနေ အေးစက်စက်မျက်လုံးနဲ့ Wendy ကိုစိုက်ကြည့်ရင်းပြောလိုက်တယ်


" ရှင်က ကျွန်မအမေအရင်းမဟုတ်ဘူးဆိုတာလေ"

Wendy နှလုံးသားတစ်စဆီဖြစ်သွားသလိုပါပဲ

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now