Date 101 ( Part Two - End )

359 49 12
                                    

original author : Taelink
Tags : Fluff
Link : https://www.asianfanfics.com/story/view/1467838/6/date-101-part-2-end

Seungwan ဒီနေ့ မနက် 7နာရီခွဲစိတ်ခန်း ဝင်စရာရှိတာကြောင့် ဆေးခန်းကို စောစောလာဖြစ်ခဲ့တယ်

" Morning Dahyun "

ဒီနေ့ ခွဲစိတ်မှုမှာ အကူအဖြစ်ပါဝင်ပေးမယ့် အလုပ်သင်လေး Dahyun ကို နှုတ်ဆက်လိုက်တယ်

" Morning ပါ Doctor 

Doctor အတွက် Delivery  ရောက်နေပါပြီ   ဟိုမှာပါ "

" ဟမ်?"

Seungwan လဲ Dahyun ညွှန်ပြတဲ့ ခုံဆီသွားကြည့်လိုက်တော့ မနက်ခင်းအဆာပြေတရုတ်အစားအစာတစ်မျိုးကိုတွေ့လိုက်ရတယ်

" ဒါဘယ်သူပို့လိုက်တာလဲ Dahyun "

" Bae Irene လို့ပြောပါတယ် Dr."

" ဘာရယ် "

"Deli သမားက အဲ့လိုပြောပြီးပို့သွားတာပဲ ဒေါက်တာ"

" တကယ်ပဲ သူလား
ပြောလို့မရဘူး ဟိုYerim ဆိုတဲ့ဟာမကလဲ အားအားယားယား Prank လုပ်ချင်လုပ်နေမှာ "

အထုပ်ကို ပတ်ထားတဲ့ ပလတ်စတစ်အစကိုခွါလိုက်တော့ အထဲမှာ ကတ်တစ်ခုထွက်ကျလာတယ်

" ခွဲစိတ်မှုမလုပ်ခင် မနက်စာကို
စားဖြစ်အောင် စားလိုက်နော်
-ရှင့်ရဲ့ Irene   "

ရှင့်ရဲ့ ဘာ?  Wendyလဲ ဖုန်းချက်ချင်းထုတ်ပြီး Irene ဆီစာပို့ဖို့လုပ်လိုက်တယ်

To: 078xxxxxx

ကျွန်မဒီနေ့ ဆေးခန်းကိုစောစောလာမယ့်အကြောင်း ရှင်ဘယ်လိုသိနေရတာလဲ

ဘယ်လောက်မှမကြာလိုက်ဘူး Reply တစ်ခုပြန်လာတယ်

From: 078xxxxxx

ကျွန်မနည်း ကျွန်မဟန်တွေရှိတာပေါ့

To : 078xxxxxx

စေတနာကိုပဲ လက်ခံလိုက်ပါ့မယ် ဒါမျိုးတွေ ထပ်လုပ်မပေးပါနဲ့တော့

From : ရှင့်ရဲ့?

မရဘူး လုပ်မှာပဲ
ဆယ်နှစ်နာရီဆယ်မိနစ်လောက်ကြရင် ဆေးခန်းကိုလာခဲ့မယ်
နေ့လည်စာအတူစားကြတာပေါ့

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now