Loopy Love

412 50 12
                                    

Original Author : YoungBaby
Tag : Fluff
Link : https://www.asianfanfics.com/story/view/1443524/1/loopy-love

ခွဲစိတ်ခန်းတံခါးကနေ ဆရာဝန်ထွက်လာတာနဲ့ Joohyun ထိုင်နေရာက ထပြီး ဆရာဝန်ဆီသွားလိုက်တယ်

" ခွဲစိတ်မှု အောင်မြင်တယ်မလား ဆရာ သူအဆင်ပြေရဲ့လား "
သူက တရစပ်မေးလိုက်တေ့ ဆရာဝန်ကနွေးနွေးထွေးထွေးပြုံးပြရင်း

" အဆင်ပြေပါတယ်ခင်ဗျာ

ခင်များမိန်းမရဲ့ ခွဲစိတ်မှုက တစ်ရာ ရာခိုင်နှုန်းကို အောင်မြင်ပါတယ်ဗျာ

နောက် တစ်နာရီလောက်နေရင်တောင် အိမ်ပြန်ချင် ပြန်လို့ရပါပြီ"

အခုလို ကြားလိုက်ရမှပဲ Joohyun သက်ပြင်းချနိုင်တော့တယ်

" အခု ကျွန်မသူ့ကို ဝင်တွေ့လို့ရပြီလားရှင့် "

Joohyun ဆရာဝန်ကိုမေးလိုက်တော့ ဆရာဝန်က

" ရတာတော့ရပါပြီ

ဒါပေမယ့် တစ်ခု သတိပေးပါရစေ

သူကိုခွဲစိတ်ခန်းမှာပေးခဲ့ရတဲ့ မေ့ဆေးရဲ့ အကျိုး သက်ရောက်မှုက နည်းနည်း ကျန်ဦးမှာမို့လို့

သူ့အနေနဲ့ သတိမရသေးတာတွေ ကြောင်တောင်တောင် ဖြစ်နေတာမျိုးတွေဖြစ်နေနိုင်တာမို့လို့ တအားကြီး ဖိအားမပေးပါနဲ့ဦး

ဒါလဲ တစ်နာရီလောက်ပါပဲ

ပြီးရင် အရင်က ခင်ဗျားမိန်းမပဲ ပြန်ဖြစ်သွားမှာပါ " လို့ ခွဲစိတ်ဆရာဝန်က ဟာသနှောရင်းဖြေတယ်

_____

Wendy အခုလုပ်ခဲ့တဲ့ အူပိုင်းဆိုင်ရာခွဲစိတ်မှုက Major surgery တစ်ခုတော့မဟုတ်ပါဘူး

Joohyun လဲ အရမ်းနားမလည်ပေမယ့် Wendy ခွဲစိတ်ပြီးရင် အဆင်ပြေသွားမယ်လို့ပဲသိထားတာပါ

ဒါပေမယ့်လဲ အသက် နှစ်ဆယ့်ငါးနှစ်အရွယ် ကြင်စဦး စုံတွဲဆိုတော့ အဲ့လို သိထားပြီးတာတောင် Joohyun သည်းသည်းလှုပ်စိတ်ပူနေတုန်းပါပဲ


Wendy ခွဲစိတ်ခန်းထဲရှိနေခဲ့တဲ့ တစ်လျှောက်လုံးလဲ Joohyun စိတ်အေးအေးမနေခဲ့ရပါဘူး

တစ်ခုခုများချွတ်ချော်သွားရင်လို့တွေးပြီး ဘုရားကိုနားပူအောင်ဆုတေင်းနေခဲ့တာပါ

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now