Bizarre Valentine's

368 38 16
                                    

OriginalAuthor: ReowesomeShikshin
Tags : Fluff, Crack
Link : https://www.asianfanfics.com/story/view/1419386/7/bizarre-valentine-s

________

Valentine's day !

ဆိုတာကတော့ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ကြည်နူးစွာ ကုန်ဆုံးသင့်တဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်

ဒါမှမဟုတ်လဲ မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ အချစ်ကိုဝေမျှခံစားရင်းဖြတ်သန်းသင့်တဲ့ နေ့တစ်နေ့ဆိုလဲ မမှားပါဘူး

တစ်ချို့တွေအတွက်ကတော့ သူတို့ကြိတ်ပြီးမြတ်နိုးနေရတဲ့သူကို ဖွင့်ပြောဖို့အတွက် နေ့ကောင်းနေ့မြတ်တစ်ခုလဲ ဖြစ်နေတတ်ပါတယ်

များသောအားဖြင့်ကတော့ လူတစ်ချင်းစီဟာ တစ်ယောက်အပေါ်တစ်ယောက် ထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေကို အနီးစပ်ဆုံးဖော်ပြနိုင်မယ့် စာသားတွေပါဝင်တဲ့ Valentine's card လေးတွေကို အပြန်အလှန်ပေးကြရင်း သူတို့ရဲ့ တန်ဖိုးထားမှုကို ပြသကြပါတယ်


ယေဘုယျအားဖြင့်တော့ နှင်းဆီပန်းလို ပန်းတွေနဲ့ ချောကလက် အပြင် အမှတ်တရလက်ဆောင်ပစ္စည်းကိုဝယ်ကာ သူတို့ရဲ့ ချစ်ရတဲ့သူ ပျော်ရွှင်သွားစေဖို့အတွက် လက်ဆောင်ပေးလေ့ရှိကြပါတယ်

စုံတွဲတွေဟာဆိုရင်တော့ သူတို့ချစ်သူနဲ့အတူ ညစာတည်ခင်းစားသောက်တာမျိုး
တစ်နေ့လုံး လျှောက်လည်ရင်းအတူတူအချိန်ကုန်ဆုံးကြတာမျိုး
ဒါမှမဟုတ် အိမ်မှာအတူချက်ပြုတ်စားသောက်ရင်း တန်ဖိုးမဖြတ်နိုင်မယ့် အမှတ်တရတွေကို ဖန်တီးကြတာလို နည်းလမ်းတွေနဲ့ Valentine's day ကို ဆင်နွဲလေ့ရှိကြပါတယ်






ဒါပေမယ့် ဒီFebruary 14 မှာတော့ Wendy Son Seungwan ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဆိုရင်ဖြင့်
မှောင်မှိုက်နေတဲ့ နောက်ဖေးလမ်းကြားက အမှိုက်ပုံးတွေရဲ့အနောက်မှာ မာရသွန်ပြေးထားရတဲ့လူတစ်ယောက်လို ချွေးသံတရွှဲရွှဲနဲ့ မောဟိုက်စွာ ပုန်းအောင်းနေရပါတယ်

သူ့အနေနဲ့ အခုလိုပုံစံမျိုး Valentine's day ကို ဖြတ်သန်းနေရမယ်ဆိုတာ တစ်ခါမှ စိတ်ကူးတောင် ယဥ်မကြည့်ဖူးခဲ့ပါ

Wan & Only //Wenrene [ Trans Fanfics ]حيث تعيش القصص. اكتشف الآن