The Right One

532 50 13
                                    

Original Author : Wenderpul
Tags: Soulmateau
Link: https://www.asianfanfics.com/story/view/1451677/the-right-one

[ Soulmateau ဆိုတာ လူတိုင်းအနေနဲ့ သူတို့ရဲ့ အချစ်စစ် ဖူးစာဖက်ကို ရှာတွေ့နိုင်တဲ့ Alternate Universe တစ်ခုပါ လူတစ်ယောက်စီတိုင်းဟာ သူတို့ရဲ့ ဖူးစာဖက်နဲ့ တစ်နည်းနည်း ဆက်သွယ်မှုရှိကြပါတယ်

ဥပမာ သူတို့ Soulmate ရဲ့နာမည်ဟာ သူတို့ဆီမှာ Tattoo တစ်ခုအနေနဲ့ပါလာတာမျိုး

ဒီFiction မှာတော့ လူသားတွေဟာ သူတို့ရဲ့ Soulmate နဲ့ မဆုံသ၍ Color Blind ဖြစ်နေမှာပါ

သူတို့ရဲ့ အချစ်စစ် ဖူးစာဖက်ကိုရှာတွေ့မှသာ သူတို့အနေနဲ့ Colorful world ကို မြင်ခွင့်ရမှာဖြစ်ပါတယ်]


The Right One ( Myanmar Translation )


Joohyun အနေနဲ့ အရောင်တွေရဲ့ ဆန်းကြယ်မှုကို မြင်ရဖို့ဆိုပြီး အရမ်းအလျင်လိုနေခဲ့ခြင်းတော့မရှိခဲ့ဖူးပါဘူး




သူ့အနေနဲ့ ယုံကြည်ထားတဲ့အရာတစ်ခုကတော့ အကယ်၍သာ သူ့ရဲ့ဖူးစာရှင်စစ်မှန်မယ်ဆို အချိန်တန်ရင် တနည်းနည်းနဲ့ သူ့ရှေ့ရောက်လာမှာဖြစ်လို့အထွေအထူးဆုတောင်းနေစရာမလိုဖူးဆိုတာပါပဲ


သူ့ဘဝဖြစ်သန်းလာရတဲ့ကာလတွေကြားမှာ ကျောင်းတက်နေချိန်မှာရော တက္ကသိုလ်တက်စဥ်မှာရော သူ့အနီးနားပတ်ဝန်းကျင်က လူတွေတစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ Soulmate တွေကိုရှာတွေ့သွားကြတာ မြင်ခဲ့ရဖူးပါတယ်



သူ့ရဲ့သူငယ်ချင်းတွေကဆို သူ့ကို Soulmate ရှာကြည့်ဖို့ မဟုတ်ရင်လည်း ဒီကြားထဲ Soulmate ကို ရှာမတွေ့ခင်မှာ တစ်ယောက်ယောက်နဲ့တွဲကြည့်ဖို့ အကြံပေးတတ်ကြတယ် သူတို့ရဲ့ အဆိုရဆို Joohyun လိုရုပ်ရည်မျိုးနဲ့သူတစ်ယောက်က ရည်းစားမထားတာဟာ ရာဝတ်မှုကျူးလွန်တာနဲ့ ဘာမှ မကွာဘူးဆိုပဲ


Joohyun ကတော့ သူတို့ အဲ့လိုတွေပြောလာတဲ့ အခါတိုင်း " Right person should come at the Right place and at the Right time" လို့သာပြန်ပြောလိုက်တယ် ဒါဟာသူကိုယ်တိုင် ယုံကြည်ထားတဲ့ စကားပါ


တကယ်လဲ သူတို့ ပြောသလို တွေ လုပ်မနေပဲ ကိုယ့်အိမ်မက်ကို အကောင်ထည်ဖော်ရင်းနဲ့ Right person ရောက်လာမယ့် Right time ကို စောင့်နေခဲ့တယ်



Wan & Only //Wenrene [ Trans Fanfics ]Où les histoires vivent. Découvrez maintenant