Will it rain tonight?

329 32 4
                                    

Original Author : seung1nism
Tags : Slice of life , Romance
Link : https://www.asianfanfics.com/story/view/1425050/16/will-it-rain-tonight

___

Joohyun အခန်းထဲကို ဝင်ဝင်ချင်းပဲ ခုတင်ပေါ်ကို ရုပ်ကြိုးပျက်လှဲချလိုက်တယ်

အောက်ထပ်မှာ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကြောင့် သူ့ရဲ့ စိတ်တွေက အတိုင်းအဆမဲ့ ပင်ပန်းနေရပြန်ပြီ

သူ့မိဘတွေ တစ်ယောက်အသံကိုတစ်ယောက်လွှမ်းနိုင်အောင် အလုအယက်အော်ဟစ် ရန်ဖြစ်နေကြတဲ့ မြင်ကွင်းက သူ့အတွက် အဆန်းမဟုတ်တော့ရင်တောင် ကျင့်သားမရနိုင်မယ့် မြင်ကွင်းမျိုးပါ

အခုလို အသက်ရှူကြပ်ရခက်ခဲစေတဲ့ ပတ်ဝန်းပျင်ကနေပြီး Joohyun  ကို တစ်ယောက်ယောက်လာကယ်တင်ပေးဖိူ့ပဲ အချိန်တိုင်းတောင့်တနေမိတယ်

သူလှဲနေရာကနေခြေထောက်ကိုနည်းနည်းကြွလိုက်ရင်း သူ့ဖိနပ်တွေကို ခါထုတ်လိုက်တယ်

ဒါဟာ သူ့နည်းသူ့ဟန်နဲ့ သူ့ကိုယ်သူလွတ်လပ်ပေးလိုက်ဟန်တူပါတယ်

အိမ်ကထွက်လိုက်တာနဲ့ ဘယ်သွားမလို့လဲ ဘယ်ရောက်နေပြီလဲဆိုပြီး မေးနေတတ်တဲ့ စိတ်ကျဥ်းကြပ်စရာ
မိဘတွေကြောင့် သူ့မှာ အနှောင်အဖွဲ့ကင်းကင်းနဲ့ မပျော်ခဲ့ရဖူးတာကို သတိရသွားပြီး သက်ပြင်းချမိနေဆဲမှာပဲ

သူ့အခန်းရဲ့ ဝရန်တာလေးကို တစ်ခုခုထိမှန်လာတဲ့အသံကို ကြားလိုက်ရတယ်

သူအမှုအမှတ်မဲ့ ထကြည့်မနေပဲ သူ့ဖာသာပဲ သက်တောင့်သက်သာပိုရှိစေမယ့် Position မျိုးကိုပြောင်းရင်း ဆက်လှဲနေလိုက်ပေမယ့် ထပ်ကြားလာရတဲ့အသံကြောင့်

သူခုတင်ပေါ်ကနေ မထချင်ထချင်နဲ့ထလိုက်ရတော့တယ်

ဒီအတိုင်း ကြောင်အလေအလွင့် တစ်ကောင်ကောင်ပဲနေမှာပါဆိုတဲ့အတွေးနဲ့ ပြတင်းပေါက်ကတစ်ဆင့် ကြည့်လိုက်ပေမယ့်

ဘယ်လိုလှုပ်ရှားမှုအရိပ်ယောင်မျိုးမှ မတွေ့ရပါ

သူ ခုတင်ဆီ ပြန်သွားမလို့ လုပ်နေစဥ်မှာပဲ သူ့ရှေ့ကို ရုတ်တရက်ပေါ်လာတဲ့ လူသဏ္ဍာန်ကြောင့် Joohyun လိပ်ပြာလွင့်မတတ်လန့်သွားရတော့တယ်

Wan & Only //Wenrene [ Trans Fanfics ]Tempat cerita menjadi hidup. Temukan sekarang