Too Much Love

359 44 19
                                    

Original author : Baechu28
Tags : Angst
Link :
https://www.asianfanfics.com/story/view/1381630/18/wenrene-angsty-shots

ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေရဲ့ပိုင်ရှင် အမည်းရောင်Suit ကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးက သူ့ရှေ့မှာထိုင်နေတဲ့ Joohyun ကို နှစ်လိုဖွယ်ပြုံးပြတယ်

" ကောင်းသောမနက်ခင်းပါ" ဆိုပြီး Joohyun မပြုံးချင်ပြုံးချင် ပြန်ပြုံးပြလိုက်တယ်

" Good morning ပါ ကျွန်မ ဘာအကူအညီပေးရမလဲ "

Joohyun ထပ်ငယ်ရွယ်ပုံရပေမယ့် ထက်မြက်တဲ့အသွင်ရှိတဲ့ သူမကပြန်ပြီး Joohyun ကိုနှုတ်ခွန်းဆက်သလိုက်တယ်

" ကျွန်မ ကွာရှင်းချင်လို့ပါ. . .
ကျွန်မ အမျိုးသမီးနဲ့ ကွာရှင်းချင်လို့. . "

ဆိုပြီး သူမရဲ့အမေးကို Joohyun မျက်နှာသေနဲ့ ပြန်ဖြေခဲ့တယ်

" အဲ့လိုဆိုရင် ကျွန်မလက်ထောက်နဲ့ ပြန်လွှဲပေးပါရစေ
ကျွန်မက ကွာရှင်းရှေ့နေတစ်ယောက်မဟုတ်လို့ပါ "

" ကျွန်မ ရှင့်ဆီလာခဲ့တာက သူပြဿနာရှာမှာစိုးလို့ပါ"

" သူက ပြဿနာရှာမယ်?
ဘယ်လိုမျိုးကိုပြောချင်တာလဲရှင့်"

" သူက ကျွန်မနဲ့ကွာရှင်းဖို့ကို ဘယ်တော့မှ လက်ခံသဘောတူမှာမဟုတ်ဘူးလို့ပြောချင်တာပါ"

" ဘာလို့အဲ့လိုပြောနိုင်ရတာလဲ "
လို့အရပ်မြင့်မြင့်ရှေ့နေကပြန်မေးခွန်းထုတ်တော့ Joohyun စိတ်လေသွားတယ်
ဒါပေမယ့်သူပြန်ဖြေလိုက်တယ်

" ဘာလို့ပြောနိုင်ရတာလဲဆိုတော့ သူကကျွန်မကို သေလောက်အောင်ချစ်မှန်းသိနေရလို့လေ "

___

အခန်းထဲကို ဖြာကျလာတဲ့ နေရောင်ခြည်က သူ့မျက်နှာပေါ်ရောက်လာတဲ့အခါမှာတော့ Joohyun မျက်လုံးတွေကိုပွတ်သပ်ပြီးနိုးထလာခဲ့တယ်

Joohyun သူ့ wifey ရဲ့ နေရာဖက်ကို လက်နဲ့စမ်းလိုက်တော့ သူ့Wifey က အိပ်ယာပေါ်မှာရှိမနေပဲ အေးစက်တဲ့ အိပ်ယာကိုသာစမ်းလိုက်မိတယ်

သူလဲ အိပ်နေရာကနေ ထထိုင်လိုက်တော့ သူ့Wifey က အိပ်ယာခြေရင်းမှာလက်ပိုက်ထားရင်း Joohyun ကို ပြုံးပြနေတာတွေ့လိုက်ရတယ်

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now