Sugar Mommy

550 52 36
                                    

Original Author : squishywannie
Tags : Fluff Collageau Romance
Link : https://www.asianfanfics.com/story/view/1485320/sugar-mommy
----

todayis_wendy : နောက်ဆုံးထွက် MacBook pro ဝယ်ပေးနိုင်မယ့် Sugar Mommy တစ်ယောက်အလိုရှိပါတယ်ရှင့်

စိတ်ဝင်စားပါက Cb ကို တိူက်ရိုက်ဆက်သွယ်နိုင်ပါတယ်နော် XD

Wendy တစ်ယောက်
တစ်စက်ကလေးမှ တွန့်ဆုတ်မနေပဲ Tweet button ကိုဖိလိုက်ပါတယ် ရှက်စရာကောင်းတယ်လို့လဲမခံစားမိပါဘူး

ခုတင်ခေါင်းရင်းက Headboard ကို ခပ်လျောလျောမီလိုက်ရင်း သူ့ Tweet သူပြန်ဖတ်ကာ ရယ်နေမိတယ်

အခုလို ပေါတောတောတွေတင်တာက သူ့အကျင့်ဆိုတော့ မကြာခင် ပလုံစီအောင်တက်လာမယ့် Noti တွေကိုပဲ ရယ်ရင်း စောင့်နေလိုက်တယ်

တစ်ဆယ့်ကိုးနှစ်အရွယ်ကောလိပ်ကျောင်းသူတစ်ယောက်အနေနဲ့တော့ Wendy ဟာ ပျော်ပျော်နေပြီး ဉာဏ်ကောင်းသူတစ်ယောက်ပါ

ဒါကြောင့်လဲ သူကလူသိများတာလို့ဆိုရင် မမှားပါဘူး

သူတို့ကျောင်းက လူတိုင်းနီးပါးက သူ့ကို သိကြပြီး သူ့ရဲ့ Social media acc တွေကို Follow ထားကြပါတယ်

သူ့ရဲ့ Twitter followers 10k က သူဘယ်လောက် လူသိများလဲဆိုတာအတွက် သက်သေပြဖို့ မလုံလောက်ရင်
Break time တိုင်းမှာ သူ့အနားလာပြီး သူပြောသမျှဟာသတွေကို နားထောင်တတ်တဲ့ လူအုပ်ကြီးကို ကြည့်ပြီး သိနိုင်ပါတယ်

ဒီနေ့ကတော့ သောကြာနေ့ညဆိုတော့ မနက်ဖြန်အတန်းတက်စရာမရှိတာကြောင့် သူ ညနက်တဲ့အထိနေတတ်ပါတယ်

_imyour_joy: " XD
ကခေတ်နောက်ကြနေပြီ 2012 လဲမဟုတ်တော့ဘူး Lmao

သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Joy က အရင်ဆုံး မန့်လိုက်တာပါ တစ်မိနစ်လောက်အကြာမှာတော့ သူ့ရဲ့ Tweet မှာ 70 Comment , 100 retweets နဲ့ 218 Likes ရနေပါပြီ

သူ့Tweet မှာ လာမန့်ထားကြတဲ့သူတွေရဲ့ Comment တွေကိုဖတ်ပြီး ခွီနေတုန်းမှာပဲ သူမသိတဲ့ Username တစ်ခုက သူ့ဆီကို Private message ပို့လာတော့ ရုတ်တရက်လန့်ပြီး ဖုန်းကိုလွှတ်လိုက်မိတာ သူ့မျက်နှာပေါ် ပြုတ်ကျလာပါတယ်

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now