The many times Irene tried to tell her best friend she likes her

448 50 16
                                    

Original author : irenescult
Tag : friendstolovers
Link : https://www.asianfanfics.com/story/view/1451727/1/the-many-times-irene-tried-to-tell-her-bestfriend-she-likes-her


Irene တစ်ယောက် Wendy နဲ့ ပထမဆုံး သူငယ်ချင်းစဖြစ်တော့

နှစ်ယောက်စလုံးက မူလတန်းအရွယ်ပဲရှိကြပါသေးတယ်

သူငယ်ချင်း ဖြစ်လာဖို့ ပထမဆုံး ချဥ်းကပ်တဲ့သူကတော့ Wendy ပါ

ပန်းချီသင်နေတဲ့ အချိန် Irene က ရောင်စုံခဲတံ မယူခဲ့မိလို့ ဒုက္ခရောက်နေတုန်း Wendy က သူ့ရောင်စုံဘူးနဲ့မျှသုံးဖို့ လာပြောခဲ့တာပါ

အဲ့ဒိအချိန်ကတည်းက Irene ခံစားမိလိုက်တာတစ်ခုက Wendy နဲ့ သူငယ်ချင်းတော်ခွင့်ရတဲ့သူကတော့ တော်တော်ကံကောင်းမယ်ဆိုပြီးတော့ပေါ့

သူတို့နှစ်ယောက်ကို အရင်းနီးဆုံးသူတွေဖြစ်သွားအောင် လုပ်ပေးခဲ့တာကတော့ နောက်တစ်ကြိမ်မှပါ

အဲ့တုန်းက ကလေးပဲရှိသေးပေမယ့် Irene သေချာမှတ်မိပါသေးတယ်

Irene က Introvert တစ်ယောက်ဆိုတော့ အတန်းထဲမှာလုပ်တဲ့ Activities တော်တော်များများမှာ ဝင်မပါရဖို့အတွက် နောက်ဆုံးထောင့်ခုံလေးမှာပဲထိုင်နေကြပါ

အတန်းပိုင်ဆရာမက သူတို့ကို နှစ်ယောက်တစ်တွဲပါဝင်ရတဲ့ ကစားနည်းတစ်ခုကို ဆော့ခိုင်းတဲ့အခါမှာတော့ Wendy က Irene ဆီလာပြီး သူနဲ့ အဖွဲ့ဖွဲ့ကြဖို့ပြောခဲ့ပါတယ်

Irene လဲ အံ့သြသွားပေမယ့် လက်ခံလိုက်တယ်

Wendy လဲ ထိုနေ့ကို သေချာမှတ်မိနေပါတယ်
အဲ့နေ့မှာ သူ့အမေဖျော်ပေးလိုက်တဲ့ ဖျော်ရည်ဘူးလေးအိမ်မှာ သူမေ့ကျန်ခဲ့တယ်

အဲ့ဒိအပြင် သူငယ်ချင်းတစ်ယောက်မိတ်ဖွဲ့နိုင်ခဲ့တယ်

တစ်သက်လုံးအတွက်ပေါ့.....

Wendy ရဲ့ အပြုအမူသေးသေးလေးတစ်ခုစီကနေပြီး Irene ကို အချစ်ခံရတဲ့ ခံစားချက်အကြောင်းသင်ပေးခဲ့ပါတယ်

Irene ကလဲ သူကိုယ်တိုင်တောင်ရှိမှန်းမသိခဲ့တဲ့ သူ့ရဲ့Dorky side ကို Wendy နဲ့အတူရှိတဲ့အခါတိုင်းထုတ်ပြတတ်တယ်

Irene အရင်ကဆို သူ့မိသားစုဝင်တွေကလွဲရင် ကျန်တဲ့သူတွေ သူ့အနားရှိတဲ့ အခါတိုင်း စိတ်ကျဥ်းကြပ်တတ်လို့ သူစိမ်းတွေနဲ့အတူရှိရတာကိုမုန်းပေမယ့်

Wan & Only //Wenrene [ Trans Fanfics ]Dove le storie prendono vita. Scoprilo ora