Date 101 ( Part One )

361 51 36
                                    

Original author : Taelink
Tag : Fluff
Link : https://www.asianfanfics.com/story/view/1467838/5/date-101-part-1

" ညီမအခုပျော်နေသင့်တာ
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ
ညီမမပျော်ဘူး "

Yeri က ပြောရင်းဆိုရင်းနဲ့ ရုပ်ရှင်ဆန်ဆန်ပဲ Wendy ရှေ့မှာ ဒူးထောက်ချလိုက်တယ်

" Unnie ဘာလို့ ညီမကို အခုလိုလုပ်ရက်ရတာလဲ
ဘယ်လိုတောင်လုပ်ရက်ရတာလဲ "

" ဟဲ့ ငါ့ဆေးခန်းရှေ့လာပြီး ရုပ်ရှင်ရိုက်မနေနဲ့ "

Yerim ရဲ့ Over အိုက်တင်တွေနဲ့ အခုလို ဒရမ်မာခင်းတာက ပထမဆုံးအကြိမ်တော့မဟုတ်တော့ပါဘူး

" ထတော့ "

"မထဘူး "

" Kim Yerim "

" Unnie "

" သူ့ကို ဆွဲထုတ်သွားချေ "

ဆေးခန်းက အလုပ်သင်နှစ်ယောက်က Yerim လက်မောင်းတစ်ဖက်စီဆွဲပြီး တရွက်တိုက်ဆွဲထုတ်သွားကြတယ်

" ဘာလို့ သူကအရမ်းဇွဲကောင်းနေကတာလဲ "

Seulgi က အာလူးကြော်တွေ ပလုတ်ပလောင်းစားရင်း မေးလိုက်တယ်

" အမှန်ဆို သူလိုချင်တာလဲ နင်ယူပေးပြီးပြီပဲကို "

" အေးလေ သူ့ရဲ့ Irish ကိုလဲ သူကိုယ်တိုင်မြင်ခဲ့ရတာပဲကို "

"Irene ပါဟဲ့ ဒါဖြင့်သူက အခုဘာဖြစ်ချင်ရပြန်တာလဲ "

" သူက ငါ့ကို SM ရဲ့ Date 101 အစီအစဥ်ကို ပြန်လက်ခံစေချင်နေတာ "

" ပြန်လက်ခံတယ် ?"

" အွန်း
ငါမနေ့က အဲ့အစီစဥ်ရဲ့ PD ကိုဖုန်းဆက်ပြီး
ငါမလုပ်ဖြစ်ဘူးဆိုတာပြောလိုက်တယ်လေ "

" ဟမ်? လူတကာက Irene Bae ကိုတွေ့ချင်လို့ တပိုင်းသေနေကြတာကို နင်က ဘာတစခန်းထရတာလဲ "

" ငါလဲ မပြောတတ်ဘူး
အဲ့ဒိ Iron ဆိုတဲ့ တစ်ယောက်က တမျိုးပဲ နည်းနည်းကြောက်စရာကောင်းသလိုပဲ သူက ငါ့ကို အနေခက်အောင်လုပ်တယ် "

" Irene ပါဆိုနေ "

Seulgi က အာလူးကြော်ကုန်သွားတော့ သူ့လက်မှာ ကပ်ကျန်နေတဲ့ အချိုမှုန့်အစအနလေးတွေကို လျှာနဲ့လျက်ရင်း Wendy ရဲ့ စကားအမှားကိုထောက်ပေးတယ်

Wan & Only //Wenrene [ Trans Fanfics ]Where stories live. Discover now