Seduction 101

401 52 35
                                    

Original author : Taelink
Tag : fluff
Link : https://www.asianfanfics.com/story/view/1467838/3/seduction-101

" ငါမသွားဘူးဆို ! "

Seungwan တစ်ယောက် Yerimချုပ်ထားတာကိုအတင်းရုန်းရင်း အကြောက်အကန်ငြင်းနေမိတယ်

" မရတော့ဘူး
ညီမတို့နာမည်တွေ အားလုံးကို စာရင်းသွင်းပြီးပြီဆိုနေ

ညီမကို ဆုရဖို့ တတ်နိုင်သလောက်လေးကူညီရမှာကို တွန့်တိုနေလိုက်တာ

Unnie က ဘော်ဒါစိတ်ကိုမရှိဘူး

စိတ်ဓာတ်လေးတွေသိရတာပေါ့"

" သိရရင်လဲ တစ်ခါတည်းမှတ်ထားလိုက်တော့

ငါကိုယ်ငါတော့ ဘာမဟုတ်တဲ့ Concert ticket နဲ့မလဲနိုင်ဘူး


Seulgi  taxi ကိုတားထားးးး

အူတူတူလုပ်မနေနဲ့ ဒီ Taxi လွတ်သွားရင်
ငါနင့်ရဲ့ Gummy Bears တွေအကုန်စားလိုက်မှာ"

" Seulgi unnie
ညီမပြောတဲ့ ဟာကို လိုက်လာပေးရင် Unnie ကိုတစ်လစာ Gummy bears တွေ ဝယ်ကျွေးမယ် သိလား"

Yerim ဆီကနေ ဒီစကားကြားလိုက်တာနဲ့ Seulgi မျက်နှာကြီးက
သီတဂူဆန်းလပမာ ချမ်းမြသာယာဆိုသလိုတွေ ဝင်းပသွားတော့တယ်

ပြီးတော့ Taxi ကိုလဲ သူသတိမရတော့ပါ

______

Taxi ထဲမှာတော့ Seungwan ကို အလည်မှာထိုင်ခိုင်းကာ Yerim နဲ့ Seulgi က အတင်းညှပ်ထားကြတယ်

" ဘာလို့ ငါဖြစ်နေရတာလဲ "

" Unnie က ဘယ်သူ့ကိုမှ စိတ်မဝင်စားဖူးဘူးလေ

ဒီအစီစဥ်က Unnie လိုလူမျိုးနဲ့မှ အံကိုက်ဖြစ်မှာ

ညီမရော Seulgi Unnie ရောက အရံသဘောပဲ Unnie ကသာ တကယ့်အားကိုးရမှာ "






"ဟင် ငါရော ပါရမှာလား ငါက အဖော်လိုက်လာရယုံပဲ လို့ထင်နေတာ "

" အစကတော့ အဖော်လိုက်ခိုင်းမလို့ပဲ

ဒါပေမယ့် လူများလေ နိုင်နိုင်ခြေများလေမဟုတ်လား "

"အဲ့လိုဆို ငါ့ကို Sooyoung က သတ်လိမ့်မယ် "

"Sooyoung ကို ညီမတာဝန်သာထား"

" ဟိုတစ်ခေါက်ကလဲ အဲ့လိုပဲ ပြောပြီး
ငါတို့ပဲ ဖြေရှင်းခဲ့ရတာကို
အိမ်တောင်ပြာကျမသွားတာ
ကံကောင်း"ဆိုပြီး Wendy က အကွက်ရတုန်း ဝင်ငေါ့တယ်

Wan & Only //Wenrene [ Trans Fanfics ]Tahanan ng mga kuwento. Tumuklas ngayon