Part 1

2.7K 135 4
                                    

"ဘာ! အမွန်းပျောက်နေတယ်ဟုတ်လား!"မေသော်တာရဲ့အသံသည် အကျယ်ကြီးမဟုတ်သော်လည်းတိတ်ဆိတ်နေသောဧည့်ခန်းထဲတွင် ဟိန်းထွက်သွားသည်။အသံကျယ်သွားသောကြောင့် စကားကိုဆက်မပြောဘဲ ခနနေလိုက်သော်လည်း လှေကားကနေဆင်းလာသော အဖေသည် နားစွန်နားဖျားကြားသွားလေသည်။
"သမီး အမွန်းပျောက်နေတယ်ဟုတ်လား!အာ့တာဘာစကားလဲ။ဘယ်သူဆက်တာလဲ"
မေသော်တာကို ဖုန်းကို အမြန်ချကာ
"အာ ပန်းချီဆွဲနေရာကနေ ပျောက်သွားတာ ကိုပြောတာပါဖေဖေ။သူအခုဆွဲနေတဲ့ပန်းချီက မကြာခင်လုပ်မဲ့ပြပွဲမာပြရမှာလေ။အာ့တာကြောင့် သူ့ကို သေချာမြန်မြန်လေးအချောသတ်ခိုင်းထားတာကို သူကဆွဲလိုက် မဆွဲလိုက်လုပ်နေလို့ စောင့်ကြည့်ခိုင်းထားတာ။အဲ့လူကလှမ်းပြောတာပါ ဖေဖေ"
မေသော်တာရဲ့အလိမ်အညာကို ဖခင်ကယုံသွားပုံ ရပါတယ်။သက်ပြင်းတစ်ချက်ချကာ
"သမီးရယ် အမွန်းလေးကို အဲ့လိုဖိအားတေမပေးပါနဲ့။ပန်းချီဆွဲတာက သူ့ရဲ့စိတ်ထွက်ပေါက်လေ ၊အလုပ်သဘောမှမဟုတ်တာကွယ်"
ဖခင်ကထိုသို့ပြောတော့ မေသော်တာတစ်ယောက် ဟန်ဆောင်အပြုံးလေးဖြင့်
"ဟုတ်ကဲ့ပါ ဖေဖေ၊သမီးဆင်ခြင်ပါ့မယ်နော်။ဒါနဲ့ သမီး အမွန်းဆီသွားလိုက်ဦးမယ်နော်။သူတစ်ယောင်ထဲပျင်းနေမယ်ဆိုးလို့"
"အေးအေး သွားလေသမီး"
ဖခင် သူ့အခန်းထဲ ပြန်ဝင်သွားမှ မေသော်တာတစ်ယောက် သက်ပြင်းချကာ လူယုံ မင်းသူဆီ ဖုန်းပြန်ဆက်လိုက်သည်။
"တူ....ဟုတ်ကဲ့ မမလေး"
"အေး ခုနကကိစ္စကိုသေချာပြန်ပြောစမ်း။သူပျောက်သွားတယ်ဟုတ်လား။ဟိုသစ်ပင်အောက်ကောသွားရှာပြီးကြပြီလား"
"ဟုတ် ရှာပြီးပါပြီ။သူညနေကအဲ့အပင်အောက်ထွက်သွားတာကိုတွေ့လိုက်ပါတယ်။ညတော်တော်မိုးချုပ်တဲ့အထိ ပြန်မလာလို့ လိုက်သွားရာကနေ မရှိတော့တာပါ မမလေး။ကျွန်တော်တောင်းပန်ပါတယ်။သေချာစောင့်ကြည့်ထားရမာကို။"
"ဖြစ်ပြီးသွားပြီဘဲ၊တွေ့အောင်လိုက်ရှာ။အခုသူက တန်ဖိုးရှိပစ္စည်းဘဲ။နားလည်လား။"
"ဟုတ်ကဲ့ မမလေး၊တစ်ခုခုထူးရင် ဖုန်းဆက်လိုက်ပါ့မယ်"
"အေး"
..အမွန်း--အမွန်း နင်ဟာ ပျောက်သွားစေချင်တုန်းက ကပ်တွယ်နေသလောက် ငါတို့အတွက် တန်ဖိုးရှိလာမှ ပျောက်သွားရသလား နင်ပြန်တွေ့လို့ကတော့ မှတ်လောက်အောင်ဆုံးမရဦးမယ်..
မေသော်တာ စိတ်တိုတိုနဲ့ အမွန်းကို ကြိမ်းပြီးနောက် မောင်ဖြစ်သူ စိုင်းသော်တာထံဖုန်းဆက်ရပြန်သည်။
"တူ.....တူ......တူ....လူကြီးမင်းခေါ်ဆိုသော..........."
"ဟာ! ဒီကောင်လေး အရက်ပုလင်းထဲခေါင်းစိုက်နေပြန်ပြီလား!!!
"လာ ...လာ့ လာ့... လာ လာ 🎵🎵🎵"(ဟုတ်ကဲ့ရှင့် သီချင်းသံတေပါ🤧)
"ကဲ အကိုလေး၊ကျွန်တော့်ဆီက တစ်ခွက်လက်ခံပေးပါ"
ဘေးနားက တပည့်ကဆိုလေတော့ အရက်သမားလေး စိုင်းတစ်ယောက် ဘယ်ငြင်းမလဲ။
"အေး ထည့်ကွာ မင်းတို့လည်းသောက် ၊ဒီနေ့ အ၀သောက်ဘဲကွာ Cheer!!!"
"Cheer!!!"
"ဒါနဲ့ အကိုလေး၊ ဟိုဘက်cobraဘက်က တော်တော်ဒေါပွနေမယ်ထင်တယ်နော်။ကုန်သွယ်ရေးလည်း သူတို့မရလိုက်သလို သူတို့လူတချို့လည်း သေကုန်တော့လေ"
ထိုအခါ စိုင်းတစ်ယောက် ငါးခူပြုံးကြီးဖြင့်အရက်ကို ဆက်မော့ကာ "ဒါပေါ့ကွ၊ငါတော့ သူတို့ခေါင်းဆောင် မျက်နှာ မြင်ချင်မိတယ်ကွာ"
"အကိုလေးရေ သူတို့သိသွားရင် ကျွန်တော်တို့မချောင်ဘူးနော်"အခြားတပည့်တစ်ယောက် စကားဝိုင်းကို ၀င်ထောက်လေတော့
"ဟုတ်တာပေါ့၊သူတို့ဂိုဏ်းက ဘယ်လိုဆိုပါလိမ်...အော် သတိရပြီ "နာမည်ကသာ မြွေဟောက်၊တကယ်က နဂါး"ဆိုတာလေ။သူတို့ကို သွားစမိတဲ့ဂိုဏ်းက ဂိုဏ်းပျက်လုနီးပါးဖြစ်တတ်တယ်လို့ ကြားမိတယ်လေ။ အဲ့တာကြောင့် ငါ့အမလူတွေကို ငှားသုံးတာလေ။ဘယ်သူမှ တိုက်ခိုက်သူတေက အလင်းဘက်ကလို့ထင်မှာမဟုတ်ဘူးလေ။သိသွားခဲ့ရင်လည်း အလင်းဘက်မှာ သူတို့ ပေါ်တင်ကြီး လာမထိနိုင်ဘူးလေ"ဟုစိုင်းတစ်ယောက်ပြောတော့တပည့်တစ်သိုက်ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြလေသည်။
ထိုစဥ်"အကိုလေးရေ ၊အကိုလေးဖုန်းက လာနေတာ ၅ခါ၆ခါရှိနေပြီဗျ၊ အရေးကြီးတယ်ထင်တယ်နော်"
ရီဝေဝေ မျက်လုံးကို အတင်းပြူးကာ တပည့်ဖြစ်သူကို ကြည့်လျက် "ဘယ်သူလဲကွာ"မေးသာမေးတာ အသောက်ကမပျက်။
"ဟာ အကိုလေးရေ၊ အမတဲ့ဗျို့! အမ"
"ဖူး........အဟွတ်အဟွတ် ဘာ အဟွတ် အမဟုတ်လား"
စိုင်းတစ်ယောက် သောက်လက်စအရက်တွေပင် သီးကုန်လေပြီ။မူးနေတာတောင် ဘယ်ပြေးသွားလည်းမသိလိုက်။
"အောင်မလေး မြွေကိုက်ပါပြီကွာ။ပေးပေး ဖုန်းပေး ငါ့ကို"
တပည့်ဆီက ဖုန်းကို အမြန်ဆွဲယူကာစိုင်းတစ်ယောက် သကာရည် ပျားရည်အိုးထဲ ပြုတ်ကျထားတဲ့အသံဖြင့်
"ဟယ်လို အမ၊ဒီမှာလေ ဒီကောင်တေက ဇွတ်တိုက်.."
စကားပင်မဆုံးလိုက်၊ရက်ကွပ်ဓမ္မာရုံကနေ တစ်ရွာလုံးကြားအောင် မိုက်တပ်အော်သလို အသံကြီးဖြင့်
"ဟဲ့ စိုင်းသော်တာ သေနေလို့ ငါ့ဖုန်းကို မကိုင်တာလား။နင်တော်တော်သတ္တိရှိနေတယ်ပေါ့လေ!!!"
ကြားရပါပြီ၊ ချစ်အမကြီးအသံ။စိုင်းတစ်ယောက် စပ်ဖြီးဖြီးဖြင့်"ဟဲဟဲ အမကလည်း"
"အမက လဲမနေဘူး စိတ်တိုနေတာ ဒီမှာ ပြသာနာတက်နေလို့ ဖုန်းခေါ်တာကို ချက်ချင်းမကိုင်ဘူး"
"ပြသာနာ"ဆိုတဲ့ အသံကြားတော့ စိုင်းတစ်ယောက်ရုပ်တည်သွားသည်။ဟုတ်တယ်လေ၊တော်ရုံ ကိစ္စဆို သူ့အမက ဥာဏ်ထက်၍ သူ့ဘာသာဖြေရှင်းနိုင်သည်။အမပြောသည့် ပြသာနာဆိုသည်မှာ အတော်ကြီးတဲ့ကိစ္စဆိုတာ စိုင်းသိလိုက်လေသည်။
"ဘာဖြစ်လို့လည်း အမ"
"အမွန်းပျောက်နေတယ်"
စိုင်း တချက်စဥ်းစားကာ "ဟာ အမကလည်း ဒါ၀မ်းသာစရာမဟုတ်ဘူးလားဗျ၊ ကိုယ်ရှင်းစရာမလိုဘဲ သူ့ဘာသာထွက်သွားတာဘယ်လောက်ကောင်းလဲ။ဘာလဲ? အဖေက ရှာခိုင်းနေလို့လား၊ မေ့လဲသွားလို့လား?"
စိုင်းက ၀မ်းသာတဲ့လေသံနဲ့မေးတော့ မေသော်တာတစ်ယောက် သက်ပြင်းချကာ"တစ်ခုမှမဟုတ်ဘူး စိုင်း။ငါနင့်ကို အကုန်ပြောပြမယ် နားထောင်။နင် သိတယ်မလား။မကြာခင် ရုရှားဘက်က လက်နက်တေ အများကြီး၀ယ်ဖို့ရှိတယ်ဆိုတာသိတယ်မလား။ပို့ပေးရမဲ့ ဂိုဏ်းက အချီကြီးရမှာလေ "အမဖြစ်ပြောတော့ စိုင်းတစ်ယောက် ခေါင်းငြိမ့်ကာ သက်ပြင်းချလျက်
"ဟွန်း...... သိတယ်လေ။ သေချာတာတော့ Cobraကဘဲ ဒီကုန်သွယ်မှုကို ရမှာလေ။ ဘယ်ဂိုဏ်းက သူ့ကို ကျော်နိုင်လို့လည်း၊ အခု ကျွန်တော်တို့ရတဲ့ ကုန်သွယ်မှု အသေးစားလေးတောင် ခက်ခက်ခဲခဲ ရထားတာ။ဘယ်ချိန်သိသွားမလဲ ရင်တမမလေ"
စိုင်းထိုသို့ပြောတော့ မေသော်တာတစ်ယောက် စိတ်ညစ်နေရာက ထပြုံးမိကာ"ငါပြောတာဆက်နားထောင်၊ အဲ့ကုန်သွယ်မှုတေကိုလုပ်ဖို့ အဓိကကျတဲ့သူကို နင်သိတယ်မလား။နယ်စပ်တေရဲ့ အရှင်သခင်ဆိုတဲ့သူလေ။"
"အင်း သိတယ်လေ။သူ့အတွက်အမြတ်မရှိရင် ဘာမှမလုပ်တဲ့လူ။Cobraက ကုန်သွယ်မှုတေလုပ်ရတယ်ဆိုတာလည်း သူ့ကို အများကြီးပေးနိုင်လို့လေ"
"အေး ဟုတ်တယ် ။ ဟိုတစ်လောက ငါ သူ့ကို မင်းအဖွဲ့က လူတချို့ကို ခိုင်းပြီး အဲ့ကုန်သွယ်မှုကြီးကိုပေးဖို့ကမ်းလှမ်းမှု တစ်ခု လုပ်ခဲ့တယ်။သူကလည်း လက်ခံခဲ့တယ်။"
စိုင်းတစ်ယောက် ကိုယ့်နားကို မယုံနိုင်လို့သေချာထပ်မေးလိုက်သည်။
"အန် သေချာရဲ့လား အမရဲ့။ ဒါနဲ့ အမဘက်က ဘာပေးရမှာလဲ။ ငွေအများကြီးဘယ်ကရနိုင်မှာလဲ။ပြီးမှကတိပေးထားသလိုမပေးနိုင်ရင် မချောင်ဘူးလေ အမရာ"
မေသော်တာ စိတ်ညစ်စွာ
"အေး ဟုတ်တယ် ၊ကတိမတည်ရင် ငါတို့ တော်တော်ထိမှာ၊ဒါပေမဲ့ အလဲအလည်က ဘာလဲဆိုတာသိရင် နင်အံ့သြသွားလိမ့်မယ်"
အမဖြစ်သူထိိုသို့ဆိုတော့ စိုင်းစိတ်၀င်စားသွားတယ်။
"ဘာလဲ အမ"
"ငါတို့ ပြန်ပေးရမှာက အမွန်းကို "
စိုင်းတစ်ယောက်နားမလည်စွာ ပြန်မေးမိသည်။
"သူက အမွန်းကို ဘာလုပ်ဖို့လဲ။ပန်းချီဆွဲခိုင်းဖို့ဆိုလည်း အမွန်းပန်းချီတေက ကမ္ဘာကျော်နေတာမှမဟုတ်တာ"
"သူက နင့်လို ယောက်ျားချင်းစိတ်၀င်စားတဲ့သူဆိုတာကို နင်သတိရရင် ဘာကြောင့်ဆိုတာသိလောက်ပါတယ်"
"ဟာ အာ့ဆို အမွန်းကို သူ့ရဲ့ လိင်ကျွန်အနေနဲ့ ပေးရမဲ့သဘောပေါ့"
"အင်း ဟုတ်တယ်။"
အမဖြစ်သူပြန်ဖြေတော့ စိုင်းချက်ချင်းငြင်းမိသည်။
"အမ ဒါတော့ မဟုတ်သေးဘူးလေ။ကျွန်တော်တို့အတွက် ဒီကုန်သွယ်မှုကြီးက အရေးကြီးတယ်၊ အမွန်းကိုလည်း ထွက်သွားစေချင်တယ်ဆိုပေမဲ့ ဒီလောက်ကြီးတော့မဖြစ်သင့်ဘူးလေ။အမွန်းကြောင့် ကျွန်တော်တို့အမေသေခဲ့ရတယ်ဆိုပေမဲ့အမွန်းက အမေတူ အဖေကွဲညီ၊ဘာဖြစ်ဖြစ် ကျွန်တော်တို့ညီဘဲလေ"
ဟုတ်ပါတယ်။ စိုင်းတို့အမွှာ၂ယောက်နဲ့ အမွန်းဟာ မောင်နှမ အရင်းခေါက်ခေါက်ကြီးမဟုတ်ပါဘူး။ စိုင်းတို့က မယားပါ သားသမီးတွေပါ။ အမေဆုံးသွားတော့ ဖခင်က သူတို့ကို သားသမီးအရင်းဖြစ်တဲ့ အမွန်းလောက်မချစ်ဘူးဟု စိတ်၌ထင်မှတ်ကာ အမွန်းကို မုန်းနေကြခြင်းဖြစ်သည်။
မေသော်တာ မဲ့ပြုံးပြုံးလိုက်သည်။တစ်ဖက်ကစိုင်းကတော့ ထိုအပြုံးကို မြင်မာမဟုတ်ပေ။
"ဟုတ်ပါတယ် စိုင်းရယ်။ငါပြောတာ ဆုံးအောင်နားထောင်၊ အစက အဲ့လိုပေမဲ့ နောက်နေ့ကျ အဲ့လူက အကြောင်းပြန်တယ်။အမွန်းကို တကယ်သဘောကျတယ်။ တရား၀င်ကို လက်ထပ်ယူမာတဲ့။အမွန်းကို သူ့ဆီအရင်ပို့ပေး၊အမွန်းက သူ့ကို ချစ်လာအောင်ကြိုးစားပြီးရင် အဖေ့ဆီ တရား၀င် လာတောင်းမာတဲ့"
စိုင်းတစ်ယောက် နည်းနည်းစိတ်အေးသွားသည်။
"ဟုတ်ရဲ့လား အမ"
"ဟုတ်ပါ့၊နင်လည်းသိပါတယ်။ အမွန်းက မိန်းကလေးရှုံးအောင်လှတာ"
"Okလေ အဲ့တော့ အခု ကျွန်တော်လုပ်ရမှာက အမွန်းကို ရှာရမှာမလား၊ဖုန်းချလိုက်တော့မယ်နော်"
"အေးအေး လူကုန်ကူးတဲ့ဘက်တွေရှာကြည့်ဦး ၊အူကြောင်ကြောင်နဲ့များ အဖမ်းခံပြီးရောင်းစားခံနေရဦးမယ်"
"ဟုတ် အမ"
စိုင်းတစ်ယောက် အမနဲ့ဖုန်းပြောပြီး ပြူးကြောင်ကြောင်နဲ့သူ့ကိုကြည့်နေတဲ့တပည့်တေကို အမိန့်ပေးလိုက်တယ်။"အမွန်း ပျောက်နေတယ် ။တွေ့အောင်ရှာနိုင်သူ ငါဆုချမယ်"
Yes sir!!!

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now