Part 9

998 73 2
                                    

"ဒေါက် ဒေါက် ဖေဖေ သား စိုင်းပါ။ပြောစရာရှိလို့ပါ။"

"အေး သား ဧည့်ခန်းထဲကစောင့်နေ သား ဖေဖေထွက်လာခဲ့မယ်။"

"ဟုတ်ကဲ့ ဖေဖေ"

ဒီနေ့မနက် စိုင်း အဖေဖြစ်သူကို အမွန်းပျောက်နေကြောင်း ပြောမလို့ လုပ်နေခြင်း ဖြစ်သည်။

.....ကျေးဇူးပြုပြီး  ဖေဖေ အရမ်းမလန့်သွားပါစေနဲ့။.....

ဧည့်ခန်းထဲမှာ ထိုင်ကာ စိုင်း ကျိတ်ဆုတောင်းနေမိသည်။မကြာလိုက်ပါ။လှေကားမှ ဖခင်ဖြစ်သူ ဆင်းလာ၍ စိုင်းထကာ ကူတွဲပေးလိုက်သည်။

"ကဲ ပြောပါဦး သား စိုင်း ဘာကိစ္စလဲ။"

"အရင် ထိုင်ပါဦးဖေဖေ။"

စိုင်း ဖခင်ဖြစ်သူကို ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်ပြီး သူလည်း ဘေးကခုံပေါ်၀င်ထိုင်လိုက်သည်။

"ဟိုဟာ ဖေဖေ၊အရမ်းလန့်မသွားပါနဲ့နော်။ဟိုလေ အမွန်း ပျောက်နေတယ်။"

"ဟေ၊ဘာစကားလဲကွ။အမွန်းပျောက်နေတယ်ဆိုတာက။"

"အဲ့တာက လွန်ခဲ့တဲ့၅ရက်နေ့ညနေပိုင်းကတည်းက ပျောက်နေတာ။ကျွန်တော်တို့ကြိုးစားရှာနေပေမဲ့  ခုထိ ရှာမတွေ့သေးဘူး။"

"ဘာ မင်းတို့က ဘာလို့ ငါ့ကိုခုမှ ပြောတာလဲကွ။"

"ကျွန်တော်တို့က အဖေစိတ်ပူနေမယ်စိုးလို။အမွန်းက အဝေးကြီးဘယ်မှမသွားတတ်လို့ မကြာခင် ပြန်ရှာတွေ့မယ်ထင်လို့ပါ"

"ဟာကွာ မင်းတို့...အ"

"ဟာ အဖေ အဖေ သတိထားပါဦး။"

ရုတ်တရက် မတိတပ်ထရပ်ရာကနေ ထိုင်ခုံပေါ် နောက်ပြန်လဲကျသွားသည်မို့ စိုင်း အမြန် ထိန်းလိုက်ရသည်။

"အမွန်းကို အခုတွေ့အောင်ရှာစမ်း။သတင်းစာတွေထဲကော ၊သတင်းထဲမှာကော ရှာစမ်း။ဒီကလေးက ငယ်ငယ်ကတည်းက စကားတောင် ၁၀ခွန်းပြည့်အောင် မပြောတဲ့ ကလေးက ခုချိန် ဘယ်လောက်ဒုက္ခရောက်နေမလဲ မင်းတို့သိရဲ့လားကွ။"

မျက်ရည်တွေဝဲကာ ပြောနေသော ဖခင်ကို စိုင်း ပြန်ပြောစရာ စကားမရှိပါ။

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now