Part 12

938 60 2
                                    

"ကလေးလေး ကိုယ်ဘုန်းနိုင်ကို ဖုန်းဆက်ပြီး မှာလိုက်ပြီသိလား။အကောင်ပေါက်လေးမှာလိုက်တယ်။အာ့တာမှ ကလေးလေးကို သံယောဇဥ်ရှိမှာလေ။"

ဖုန်းဆက်ပြီး သူ့ဘေးနားချက်ချင်းပြန်ရောက်လာကာ ပြုံးပြီး စကားပြောနေတဲ့လူကြီးကို အမွန်း ပြန်ပြုံးပြမိသည်။

....တကယ် တကယ် ဒီလူကြီးက သားကို ချစ်တာမလား မေမေ။.....

"အမွန်း တူတူအိပ်လို့ရလား။ကြောင်နဲ့။"

ကြောင်နဲ့တူတူအိပ်ရန် အမွန်းတောင်းဆိုမိသည်။ငယ်ငယ်ကတည်းက ကြောင်ချစ်ပေမဲ့ မည်သူမျှ မမေးသလို ၀ယ်မပေးခဲ့။ခုချိန် ကြောင်မွေးရတော့မယ်ဆိုတော့ သူ့ဘေးနားအချိန်ပြည့်ခေါ်ထားချင်မိသည်။

"အွန်း....ဒဏ်ရာတွေသက်သာရင်ပေါ့။အခုတော့ သူ့ကို သက်သက် ကုတင်ခြေရင်းနားမှာ အိပ်ရာလေးနဲ့ သိပ်ရမယ်။သဘောတူလား။"

အကျိုးအကြောင်းဆီလျှော်သည်မို့ အမွန်း ခေါင်းငြိမ့်လိုက်သည်။

"ဒါနဲ့ ကလေးလေးက အရင်ကရော ကြောင်မွေးဖူးလား။ကြောင်ကို တော်တော်ချစ်ပုံဘဲ။ခုနက အကြည့်လေးတွေများ တောက်နေတာဘဲ။"

အာဏာက ကလေးလေးကို စကားမရှိ စကားရှာ ရင်းနှီးချင်၍ မေးလိုက်သော်လည်း ပြန်ဖြေလိုက်သည့် ကလေးလေးရဲ့ အဖြေကြောင့် ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားလိုက်ရသည်။

"ဟင့်အင်း။ ၀ယ်မပေးကြဘူး။အာ တကယ်တော့ မသိကြတာပါ။အမွန်းကြောင်ချစ်မှန်း။"

ဖြေပြီး ခေါင်းလေးငုံ့သွားသည့် ကလေးလေး​အား ကြည့်ခြင်းအားဖြင့်
ဘယ်လောက်တောင် ၀မ်းနည်းသွားမှန်းသိသာသည်။

"ကဲ ပါ ခု လိုချင်တာတွေရှိရင်ပြော။ကိုယ်က အကုန်ဖြည့်စည်းပေးမယ်။အဲ တစ်ခုဘဲ ကလေးလေးထိခိုက်မဲ့အရာတွေတော့ မရဘူးပေါ့။အဲ့လိုအရာတွေ ရှိလာရင်လည်း ကိုယ်က ချက်ချင်းရှင်းပစ်မယ်။

သူ့ကို အတည်ပေါက်နှင့် ပြောမှန်း သိသည်မို့ အမွန်း အရဲစွန့်ကာ ထပ်တောင်းဆိုမိသည်။

"ဟိုလေ အမွန်း အိမ်ကို မပြန်ဘူးလေ။အာ့ကြောင့်လေ.."

"အွန်း ဘာလဲ ကလေး ဖေဖေကို ဒီအကြောင်းတွေ မပြောဖို့လား။စိတ်ချပါ ကိုယ်က ကတိမဖျက်တတ်ပါဘူး။"

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now