Part 14

1K 61 4
                                    

"မီမီ ..မီ ခစ်ခစ် snow ballလေးရေ ဒီနားလာခဲ့။.."

နေ့လည်စာ စားပြီးနောက် ကုတင်ပေါ်မှာ ထိုင်ကာ snow ballလေးနှင့် အတူဆော့နေသော ကလေးလေးကို အာဏာ ကြည့်ကာ ပြုံးနေမိသည်။
အခုနောက်ပိုင်း သူ့ကို စကားတွေ ပိုပြောလာသလို အရင်လို ဆွေးဆွေးမြေ့မြေ့ ငေးမနေတတ်တော့။အမြဲ အိပ်လိုက်၊စားလိုက်၊snow ballလေးနဲ့ ဆော့လိုက်နဲ့ တော်တော်လေးအခြေအနေကောင်းလာသည်။

"ဒေါက် ဒေါက် အကိုလေး ကျွန်တော် ဘုန်းနိုင်ပါ။"

"အေး ၀င်လာခဲ့။"

ဘုန်းနိုင် ၀င်လာတော့ ကလေးလေးက ဘာကိစ္စလဲဆိုတာ သိချင်တဲ့ပုံပါဘဲ။ဆော့နေရာကနေ ဘုန်းနိုင်ကို လှမ်းကြည့်နေလေရဲ့။

ကလေးလေးဟာ အနေအေးပေမဲ့ ချစ်မွှေးအတော်ပါ ပါတယ်။အန်တီနုက အစ ဘုန်းနိုင်အဆုံး တစ်အိမ်လုံး သူ့ကို သဲသဲလှုပ်ချစ်ကြပါတယ်။အာဏာကတော့ မပါမဖြစ်ပေါ့။အခုလည်း ဘုန်းနိုင်က ကလေးလေးကို တွေ့တော့ ရီပြနေလေရဲ့။

"Hi အမွန်းလေး။"

ဘုန်းနိုင်က လက်လေးတစ်ဖက်​မြောက်ကာ နှုတ်ဆက်တော့ ကလေးလေးက ခေါင်းလေးညှိမ့်ပြကာ

"Hi အကို ဘုန်းနိုင်။"

"ဘာကိစ္စရှိလို့လဲ ဘုန်းနိုင်။"

အာဏာ စကားစလိုက်မှ ကလေးလေးဆီရောက်နေတဲ့ ဘုန်းနိုင်အကြည့်တွေ သူ့ဆီပြန်ရောက်လာသည်။

"ဟို ညနေကျ အိမ်မကြီးကို ထမင်းသွားစားရမယ်ဆိုတာကို သတိလာပေးတာပါ။ပြီးတော့ ထပ်မှာလိုက်တာရှိသေးလို့ပါ။"

"ဘာရှိသေးတာလဲ။"

"ဟို ဒီနေ့နေ့လည် ၃နာရီဆိုက်မယ့်လေယာဥ်ကနေ ဧည့်သည်ကြိုခိုင်းလိုက်လို့ပါ။"

"ငါ့ကိုလား။"

"ဟုတ် အကိုလေးကို ဧည့်သည် ၀င်ကြိုပြီး သူ့ကိုပါခေါ်ပြီး အိမ်မကြီးကို တန်းလာခိုင်းတာပါ။"

အာဏာ အနည်းငယ်တော့ အံ့သြမိသည်။သူ့ကို ကြိုခိုင်းတယ်ဆိုတော့ အရေးကြီးဧည့်သည်ဖြစ်ပုံရသည်။ဆိုတော့ကား သူ ညနေထိ ကလေးလေးနားနေလို့မရတော့ဘူးပေါ့။ကလေးလေးကို လှမ်းကြည့်တော့ မျက်နှာလေးညှိုးသွားသလို။ဟုတ်တယ်လေ။အာဏာ မရှိတော့ သူလည်း ပျင်းမှာပေါ့။ပြီးတော့ ဘုန်းနိုင်ပါ ခေါ်သွားရမှာဆိုတော့။

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now