Part 11

980 72 0
                                    

အခုဆို ကလေးလေး အာဏာ့အိမ်မှာ နေနေတာ ၄ရက်မြောက်ပင်ရှိနေပြီဖြစ်သည်။ထိုအတောအတွင်း အာဏာ့ကို ကလေးလေးက စကားစမပြောသလို အရယ်အပြုံးလည်းမရှိ။အမြဲ တစ်နေရာကိုသာ ​ငေးကြည့်နေတတ်၍ အာဏာ့ခင်မျာ  မည်သို့ လုပ်ရမည်ကိုမသိ။

ကလေးအနေနဲ့တွေးတော့လည်း ကိုယ့်ကို ခြိမ်းခြောက်ကာ အိမ်မှာခေါ်ထားသူကို ကြည်ဖြူပါ့မလား။ကလေးလေး အစား စဥ်းစားပြီး အာဏာလည်း ဇွတ်အတင်း စကားတွေပြောခိုင်းမနေချင်ပါ။တစ်နေ့၊ ကလေးလေးသူ့ကို စိတ်ဆိုးပြေမဲ့တစ်နေ့ကိုသာ စိတ်ရှည်ရှည်နှင့် စောင့်နေမိသည်။

ဒီနေ့လည်း နိုးလာတော့ ဒန်းပေါ်ထိုင်ချင်လားဆိုတော့ ခေါင်းညိမ့်ပြ၍ ဒန်းပေါ်သို့ ပွေ့ကာချပေးခဲ့သည်။ ထို့နောက်  စားရန် ပန်းသီးလေးခွဲကာ ဘေးနားထားပေးခဲ့သည်။အရင်နေ့တွေလို ပန်းသီးလေးတွေကို ပါးဖောင်းအောင်ထိ ဝါးစားနေသော ကလေးလေးကို အကွယ်တစ်နေရာကနေ ရိုးရာမပြတ် အာဏာချောင်းကြည့်နေမိသည်။

"အကိုလေး ခင်ဗျ။"

အနောက်ကနေ ဘုန်းနိုင်က ခေါ်၍ အာဏာလှည့်ကြည့်တော့ တစ်ခုခုပြောစရာရှိသည့်ပုံ။

"ပြောစရာရှိလို့လား ဘုန်းနိုင်။"

"ဟုတ်ကဲ့ ရှိပါတယ်။သခင်ကြီးက လာမဲ့ စနေနေ့ အိမ်မှာ ထမင်းလာစားဖို့မှာလိုက်လို့ပါ။"

အာဏာ့ရဲ့ ဖခင်ဟာ သူ့သား မိထွေးနဲ့ သူ့ကို  သဘောမကျမှန်းသိ၍ အာဏာအိမ်ခွဲနေသည်ကိုလည်း ဘာမှမပြောသလို အိမ်ကိုလည်း အမြဲမခေါ်တတ်ပေ။တစ်ခါတစ်လေ ကိစ္စရှိလျှင်သာ ထမင်းတူတူစားရန် ခေါ်ကာ ပြောဆိုတတ်သည်။ယခုလည်း ဘာကိစ္စရှိလို့ပါလိမ့်။

"အင်း။ငါလာခဲ့မယ်လို့ အကြောင်းပြန်လိုက်။"

"ဟုတ်။ပြီးတော့ လိုလေ...."

တစ်ခုခုကို ပြောချင်သော်လည်း မပြောရဲသည့်ပုံစံနှင့်ဘုန်းနိုင်ကြောင့် အာဏာ မျက်ခုံးတွေကို တွန့်ချိုးမိသည်။

"ဘာပြောချင်သေးလို့လဲ ဘုန်းနိူင်။ငါက ငါ့ကို ဖုံးကွယ်တာမကြိုက်တာ သိတယ်နော်။"

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Hikayelerin yaşadığı yer. Şimdi keşfedin