Part 2

1.6K 114 5
                                    

ကမ်းခြေမှာ တစ်ကိုယ်တည်းထိုင်နေရတာ ပျင်းလာ၍ ၀သာန်တစ်ယောက် ဟိုတယ်အခန်းကိုသာပြန်လာလိုက်သည်။
"ဘုတ်...အား..ပျင်းလိုက်တာကွာ၊အရည်တောင်ပျော်ချင်လာပြီ"
အခန်းထဲရောက်ရောက်ချင်းကုတင်ပေါ် ၀မ်းလျားထိုးခုန်တက်ကာ ညည်းညူမိသည်။၀သာန်ညည်းညူတာလည်း သူ့အလွန်မဟုတ်ပေ။ကိုယ့်ဟာကို ကျောင်းပိတ်တုန်းအိမ်မှာနားမလို့ကို ကမ်းခြေသွားရအောင်ဟု ဇွတ်အတင်းလာခေါ်သော သီဟနှင့် ကောင်းမြတ်ကြောင့် အမေ့ကိုပြောကာ လိုက်လာခဲ့သော်လည်း ဒီရောက်သောအခါ ထိုသကောင့်သားတွေက ကိုယ့်ကို သတိကိုမရတော့။ဘယ်နှယ့်ဗျာ၊ကမ်းခြေကကောင်မလေးတွေကို ငမ်းချက်ကလေ အရိုးနောက်လိုက်နေတဲ့ ခွေးတွေအတိုင်းဘဲ။သွားတွေကို ၃၂ချောင်းပေါ်အောင် ဖြီးပြီး ကောင်မလေးတွေကို လိုက်နှုတ်ဆက်နေတာ သွားအအေးတောင်ပတ်နိုင်သည်။
အိပ်ရာပေါ် မှောက်ချည် လှန်ချည် အိပ်ပြီးနောက်
ဖုန်းထုတ်ကာ facebookပေါ် ဟိုလှန်ဒီလှန်ကြည့်နေလိုက်သည်။သို့သော်လည်း ၁၅မိနစ်မခံ၊ပျင်းဆဲပါဘဲ။
.....အွန်း...တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး စကားပြောရင်ကောင်းမလား။ကိုကြီးကိုဆက်ရမလား။အလုပ်ရှုပ်နေမယ်ထင်တယ်။အမေ့ကို ဆက်ရမလား။အာ..မဖြစ်သေးပါဘူး။ငါ့ကို ကိုကြီးထက်သာအောင် စီးပွားရေးမလေ့လာဘဲ အပျော်ခရီးလောက်ထွက်နေ ဘာညာဘာညာနဲ့ ပျင်းတာကနေ စိတ်ပါညစ်သွားရမှာသေချာတယ်🥴🥴။အမေဟာလေ ဘယ်လောက်ဘဲ မိထွေးဖြစ်ဖြစ် ကိုကြီးက ကိုယ့်ယောက်ျားရဲ့သားဘဲဟာ၊ကိုကြီးကို အမြဲမုန်းနေတာဘဲ ဟူး......စိတ်ညစ်ပါတယ်....
၀သာန်တစ်ယောက် မရှိတဲ့ မုတ်ဆိတ်မွေးကို ပွတ်ကာ ခေါင်းညိမ့်ခေါင်းခါစဥ်းစားနေလေရဲ့။
"အာ့ဟား...ဒီနေ့ရုံးပိတ်တယ်လေ ၀သာန်ရယ်!"
‌အိပ်နေရာမှ ထထိုင်ကာ ကိုယ့်ကိုယ်ကို စကားပြန်ပြောရင်း ကိုကြီး(တည်တံ့အာဏာ)ဆီဖုန်းကောက်ဆက်လိုက်သည်။

ဘုန်းနိုင်နှင့် စကားပြောပြီး သောက်လက်စ ဆေးလိပ်ကို အာဏာဆက်သောက်နေလိုက်သည်။ထိုစဥ် "ဒီး.....ဒီး...."နာမည်လှမ်းကြည့်မိတော့ ညီလေး။ မိခင်က  အာဏာ့ကို မုန်းကာ ပြိုင်ဆိုင်ဖို့ဘယ်လောက်ပြောပြော သူ့တွေ့ရင် ရင်ခွင်ထဲဝင်ကာ ကိုကြီးဆိုပြီး ချွဲတတ်တဲ့ ကောင်လေး။အာဏာ "ဒေါ်မေမီမီကို" ကိုမုန်းသော်လည်း ၀သာန်မိုးကိုတော့ တော်တော်ချစ်ပါသည်။အာဏာဖုန်းမကိုင်ဘဲ နာမည်ကြည့်ကာ စဥ်းစားနေတာ တော်တော်ကြာသည်ထင်ပါ့။သတိဝင်ကာကိုင်ရန်ပြင်တော့ဖုန်းက ကျသွားလေပြီ။အာဏာ ၀သာန့်ကို ဖုန်းပြန်ခေါ်လိုက်သည်။ဘာကြောင့်ဆို သူ့ညီလေးက တော်တော်အလိုက်သိသည်။ဖုန်းတစ်ခါခေါ်လို့ မကိုင်ဖြစ်လျှင် အလုပ်ရှုပ်နေလို့နေမှာ ဆိုကာ ထပ်မဆက်တတ်သူလေးဖြစ်သည်။
....ဟွန့် ...ကိုကြီးကလည်း ပိတ်ရက်ကို အလုပ်ရှုပ်နေပြန်တာလား....၀သာန် မကျေမနပ်တွေးနေစဥ်
"I only one call away...I be there to save that day....🎵🎵🎵"
"တူ....ဟယ်လို ကိုကြီး၊ထွေထွေထူးထူးဘာမှမဟုတ်ပါဘူး။ကျွန်တော်ပျင်းလို့ ဖုန်းလှမ်းဆက်တာပါ။ကိုကြီးအလုပ်ရှုပ်နေရင်sorry,sorry။ဒါဘဲနော်ကိုကြီး။"
ဖုန်းကိုင်ကိုင်ချင်း သူပြောချင်တာတွေ တန်းဆီပြောနေသော ညီဖြစ်သူကြောင့် အာဏာထရီမိလေသည်။
"ဟား....ဟား...."
၀သာန် ကြောင်သွားသည်။
"အယ် ကိုကြီး ဘာလို့ရီတာလဲဟင်"
"ရီမှာပေါ့၊မင်းက ပြောချင်ရာပြောပြီး ဖုန်းတန်းချဖို့လုပ်နေတာကိုး။"
"ကိုကြီးမှ မအားတာ၊အဲ့တော့ မြန်မြန်ပြောပြီးဖုန်းချရမှာပေါ့။တော်ကြာ အလုပ်ထဲ အမှားတွေလုပ်မိမှာစိုးလို့ပါ။"
"ကိုကြီး အလုပ်ရှုပ်နေလား ၊မရှုပ်ဘူးလား ကို မင်းက ဘယ်လိုသိလဲ။အကြားအမြင်ရနေတာလား၊ကိုကြီးအခန်းထဲ CCTVလာတပ်ထားတာလား။?"
"ဟီးဟီး၊ကျွန်တော်က ကိုကြီးချက်ချင်းဖုန်းမကိုင်တော့ မအားဘူးလို့ ခန့်မှန်းလိုက်တာ၊ကျွန်တော်မှန်းတာမှားသွားတာလား။"
"ဆိုပါတော့၊အကို အလုပ်အားပါတယ်။ခုန ဖုန်းက အနားမှာမရှိလို့။ကဲ ပြောပါဦ။ကမ်းခြေသွားတဲ့သူက ဖုန်းဆက်ဖို့အားတယ်ပေါ့။ပျော်စရာတွေလုပ်ရင်း အားတဲ့အချိန်မရှိဖြစ်နေမယ်ထင်တာ"
အာဏာထိုသို့မေးတော့ ၀သာန်တစ်ယောက် အနာပေါ်တုတ်ကျသလို အီးမှန်ထားသော မျက်နှာထားဖြင့်
"မပြောချင်ပါဘူး ကိုကြီးရာ၊ဟို၂ကောင်လေ လူကိုခေါ်တုန်းက ကျွန်တော်မပါရင် မသွားတော့သလို၊ကျွန်တော်ပါမှ သူတို့ပျော်မှာလိုလိုနဲ့လာခေါ်တယ်။အခုကျလေ ၂ယောက်သားကောင်မလေးတွေနောက် တကောက်ကောက်လိုက်နေတာများ မိန်းကလေးမရှိတဲ့ဂြိုလ်ကနေ ကမ္ဘာဂြိုလ်ကို အလည်ရောက်လာတဲ့ ဂြိုလ်သားတွေလို့ကို ထင်ရတယ်😖"
အာဏာတစ်ယောက် ညီဖြစ်သူပြောတဲ့စကားကို သဘောတကျရီမိသည်။ညီနဲ့သူ့သူငယ်ချင်းတွေက အခုဆို အသက်၂၀ကျော် ၂၁ထဲ၀င်နေပြီလေ။အချစ်ရေးကိစ္စတွေမှာ၂၀ကျော်လေးတေက စမ်းသပ်ချင်ကြတာ အထူးအဆန်းမှမဟုတ်တာ။ခုထိ ကလေးဆန်နေသေးတဲ့ ၀သာန်ကမှ ထူးဆန်းတာ။အာဏာထိုသို့ တွေးမိရင်း ပြုံးလိုက်မိသည်။ထိုအချိန်၌
"ကျီ..." လူယုံဖြစ်သူ ဘုန်းနိုင် ပြန်လာခြင်းဖြစ်သည်။
"ညီလေးရေ၊ကိုကြီး ခနနေမှပြန်ခေါ်မယ်။အလုပ်ကိစ္စပေါ်လာလို့"
"ဟုတ် ဟုတ် ကိုကြီး"
အာဏာ ညီဖြစ်သူနှင့် ​စကားမြန်မြန်လက်စဖြတ်ကာ ကားဆီသို့ဆင်းလာလိုက်သည်။
"အကိုလေး၊ကားနောက်ခန်းမမှာ ပါလာပါတယ်"
ဘုန်းနိုင်က ပြောပြောဆိုဆို ကားနောက်ခန်းကို ဖွင့်ပြတော့နောက်ခုံမှာ ခွေခွေလေးလဲဖြစ်နေတဲ့ ကလေးလေးကို တွေ့လိုက်လေသည်။ကြည့်ရတာ လာတိုက်ခိုက်တဲ့ဂိုဏ်းက ခေါင်းဆောင်ရဲ့ သားဖြစ်ပုံရတယ်။
"တော်တယ် ဘုန်းနိုင်။ဒါနဲ့ ဘယ်လိုခေါ်လာတာလဲ။မေ့ဆေးအုပ်ခဲ့တာလား။ခေါင်းကိုရိုက်ပြီးခေါ်ခဲ့တာလား။"
"အာ ၊ အယ်လိုမဟုတ်ဘူး အကိုလေး😐"
ဘုန်းနိုင် အင်တင်တင်ပြန်ဖြေတော့ အာဏာတွေးမိသည်။ဒီကောင်တွေ ရုပ်ကြမ်းကြီးနဲ့ ခြိမ်းခြောက်လိုက်လို့ ဒီကလေးမေ့လဲသွားတာဖြစ်ရမယ်😒😒😒။ဒါပေမဲ့ ဘုန်းနိုင်ဆက်ပြောတဲ့ စကားကြောင့် အာဏာ အံ့သြကာ ပါးစပ်ပင်ပြန်မစိမိ။ဘုန်းနိုင်ပြောလိုက်သည်က
"သူ့အိမ်ဘေးနားက သစ်ပင်အောက်မှာ အိပ်ပျော်နေတာတွေ့လို့ လူလစ်တုန်း ကားပေါ်ပွေ့တင်ခေါ်လာတာကို တစ်လမ်းလုံး အိပ်လိုက်လာတာပါ အကိုလေး😐😐"
.....အော်၊ရှေးလူကြီးတွေပြောတဲ့ နင့်ကို သူများက 'မ'သွားတောင် သိလိုက်မှာမဟုတ်ဘူး ဆိုတဲ့ စကားပုံက ဒီကလေးအတွက် နေမှာ.....
ခေါင်းတရမ်းရမ်းဖြစ်နေသော သူ့အကိုလေးကိုကြည့်ကာ ဘုန်းနိုင်နားမလည်တော့။
"အကိုလေး၊ နှိုးပြီး မြေအောက်ထပ်ထဲ ထည့်ထားလိုက်ရမလား"
"အာဏာ ထိုကလေးကို ငုံ့ကြည့်နေရာကနေ ဘေးဖယ်ကာ
"အေး၊ နှိုးလိုက်"
"ဟေ့ ကောင်လေး ထစမ်း၊ဟေ့ ခုထစမ်းလို့"

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now