ဘုရားပေါ်တွင် လူတွေကတော့ ရှင်းနေသည်။ ဝသာန့်နှင့် စိုင်းလည်း ဘုရားအောက်ခြေဇောင်းတန်းနားတွင်ရောင်းနေသည့် ကလေးမလေးဆီမှ နှင်းဆီပန်းနှစ်စီးဝယ်လာလိုက်သည်။
“ကိုကို... ပန်းက ဆူးစူးမယ်နော်....”
အကဲပိုနေသာ ဝသာန့်ကို ဆူးမဲ့နှင်းဆီက မျက်စောင်းထိုးနေလေရဲ့။
“ဒါက ဆူးမပါတဲ့နှင်းဆီမျိုးလေကွာ... ဆူးပါတဲ့နှင်းဆီကို တော်တော်များများက ဘုရားမလှူကြဘူးကွ...”
“အော်ဟုတ်..ကျွန်တော်က စိတ်ပူသွားလို့..ဟီးဟီး....”
နှစ်ယောက်သား ဆိုင်ရာနေ့နံထောင့်တွင် ပန်းလှူကာ ရေသပ္ပာယ်ခဲ့ကြသည်။ ဘုရားရိပ်တရားရိပ်က အတော်အေးချမ်းသည်။ အထူးသဖြင့် ဂိုဏ်းကိုဦးဆောင်ကာ နေ့တိုင်းလိုလို ကလပ်ရောက်နေတတ်သည့်စိုင်းက ဘာကြောင့်များ ဝသာန့်ကို ဘုရားလိုက်ပို့မယ်လို့ပြောမိမှန်းမသိ။
“ကိုကို... ကျွန်တော်ကလေ..တစ်ခါမှ ရည်းစားမထားဘူးဖူးသိလား...ဘယ်သူ့ကိုမှလည်း မချစ်ဖူးဘူး..ကိုကိုက ပထမဆုံးပဲ...”
ဘုရားရင်ပြင်ပေါ်တွင် ထိုင်နေရင်း စကားစလာသော ဝသာန်။ စိုင်းကတော့ မယုံသလိုနှင့် မျက်စောင်းထိုးကာ
“မင်းလို နိုင်ငံခြားမှာ ကျောင်းတက်လာတဲ့ကောင်က ရည်စားမရှိတာ မဖြစ်နိုင်ဘူး...”
“ဟာ...ကိုကိုကလည်း တကယ်ပြောတာ...”
ပြာပြာသလဲ ငြင်းနေသာ ဝသာန်။ စိုင်းလည်း တခနမျှတေွးပြီးနောက်
“အာ့တာဆို အချစ်မပါတဲ့ one night stand တေွထားခဲ့တာလား...အခုကော ထားနေသေးလား...”
စိုင်းအမေးကြောင့် ဝသာန့် ထောင်းကနဲဒေါသထွက်သွားသည်။ ကိုကို့၏ ဂျစ်ကန်ကန် စကားပြောပုံကို သူရင်းနှီးနေသော်လည်း ယခုပြောလိုက်သည့်စကားကတော့ သူ့ကိုစော်ကားလိုက်သလိုပင်။
ဘာလို့များ အဲ့လိုတွေးရတာလဲဗျာ...
ဝသာန့် တွေးမိလေ မျက်ရည်ဝဲရသည်မို့ နေရာမှထရပ်ကာ
“ကျွန်တော်တို့ ပြန်ကြစို့....”
ထိုမေးခွန်းကိုမေးလိုက်သည့် စိုင်းရင်ထဲမှာလည်း တစ်ခုခုကိုဝမ်းနည်းနေသလို။ ပြန်ဖြေလာမည့်အဖြေက သူ့မကြားဝံ့သည့် အဖြေဖြစ်နေမည်ကိုလည်း ကြောက်နေပြန်သည်။ သို့သော် သူသိရမှဖြစ်မည်။ စိုင်းလည်း ထိုင်နေရာမှ ထကာ
![](https://img.wattpad.com/cover/276651396-288-k732668.jpg)
YOU ARE READING
Romancemafiaဆန်ဆန် semeနဲ့ သူပြန်ပေးဆွဲလာခဲ့တဲ့စိတ်ဒဏ်ရာရှိနေတဲ့ukeလေးတို့ကြားက ချစ်မေတ္တာနှင့် လျို့ဝှက်ချက်ပေါင်းများစွာနဲ့မိသားစုတစ်ခု တည်တံ့အာဏာ. နာမည်နဲ့လိုက်အောင် ငါ့အာဏာစက်ဟာ ကြီးမားတယ့်သူပါ။ ဘယ်နှယ့် d ကောင်လေးနဲ့မှ ကလေးထိန်းလုံးလုံးဖြစ်နေတယ် လမင်း...