Part 17

759 55 4
                                    

"ဟွန်း အကိုလေးတို့များ ပိုလိုက်တာနော်။အိမ်မှာ အန်တီနုရော အစောင့်တွေကောရှိနေရက်နဲ့ အမွန်းကို စိတ်ပူနေတယ်။ "

ကားမောင်းရင်း အာဏာ့ကွယ်ရာမှာအတင်းတုပ်နေသော ဘုန်းနိုင်။ကွယ်ရာမှာ အတင်းတုပ်မှာပေါ့။အာဏာ့ရှေ့ သူမှမပြောရဲတာ။

"တီ တီ။"

အိမ်ပြန်လာနေကျအချိန်မဟုတ်၍ ခြံစောင့်က ခြံတံခါးဖွင့်ဖို့ ရှိမနေ၍ ဘုန်းနိုင် ဟွန်းတီးလိုက်သည်။ထိုအခါမှ ခြံစောင့်က အပြေးလေးခြံတံခါးလာဖွင့်ပေးလေသည်။

"ဘာမေ့ကျန်ခဲ့လို့လဲ လူလေးဘုန်းနိုင်ရဲ့။"

ခြံစောင့်ဦးလေးကြီးက ဘုန်းနိုင်အား တအံ့တသြမေးလေတော့ ဘုန်းနိုင် ခေါင်းရမ်းပြကာ

"ဘာမှ မကျန်ခဲ့ပါဘူးဗျာ။ကျွန်တော် အိမ်မှာလုပ်စရာရှိလို့ပြန်လာတာပါ။"

"အော် အေးအေး။အာ့ဆို သွားလုပ်တော့လေ။"

"ဟုတ်ကဲ့ဗျ။"

ဘုန်းနိုင်ဟာ အာဏာဘေးနားမှာနေနေတာ အတော်ကြာပြီဖြစ်သည့်အပြင် အာဏာယုံကြည်ရသူမို့ အိမ်၊ကုမ္ပဏီနှင့် ဂိုဏ်းတွင် အာဏာပြီးလျှင် ဒုတိယ အာဏာအသက်ရောက်ဆုံးလူဖြစ်သည်။သို့သော်ငှားလည်း ဘုန်းနိုင်ဟာ အကြီးတွေကို ရိုသေလေးစားတတ်သူဖြစ်သည်။

ယခုပင် ကြည့်လိုက်လေ။ခြံစောင့်ဦးလေးကြီးသည် အိမ်တွင် ရာထူးအငယ်ဆုံးပေမဲ့ မိမိထက်အသက်ကြီးသူမို့ ဘုန်းနိုင် ရိုရိုသေသေဆက်ဆံတယ်လေ။

ဘုန်းနိုင် အိမ်ထဲ၀င်လာတော့ ဧည့်ခန်းထဲမှာ အန်တီနုက ရှိမနေ။

.......အော် အန်တီနုက မီးဖိုချောင်ထဲမှာများလား။.....

ဘုန်းနိုင် မီးဖိုချောင်ထဲ၀င်ရန်ကြံလိုက်ချိန် အပေါ်ထပ်မှ တစ်ခုခုကျကွဲသံနှင့်အတူ အော်သံမျိုးစုံကြားလိုက်ရ၍ အမြန်ပင် အပေါ်ထပ်သို့ပြေးတက်သွားလိုက်သည်။

"သားလေးအမွန်း! ဟယ် အပူလောင်သွားပြီတော့။ဒုက္ခပါဘဲ။"

"အဟင့် နာတယ်။"

နီရဲနေသော လက်ကိုကြည့်ကာ Rose ကျေနပ်စွာပြုံးလိုက်သည်။ပြီးမှ တအံ့တသြအသံဖြင့်

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now