Part 21

709 40 7
                                    

"Snow ballလေး ဒီမှာ ဒီမှာ။"

Snow ballလေးအား သူ cat food ကျွေးချင်တယ်ဟုဆိုကာ snow ballနဲ့ဆော့နေတဲ့ အမွန်းကြောင့်အာဏာခမျာ လူကြမ်းကြီးလုပ်ရပြန်သည်။

"ဟေ့ ကလေးလေး။အစာကျွေးပြီးရင်Snow ballကို ဘုန်းနိုင်ဆီပေးထားလိုက်တော့လေ။လက်ကဒဏ်ရာနဲ့မို့ ကြောင်မကိုင်ပါနဲ့ဆိုတာကို ဥာဏ်များနေတယ်။"

အာဏာထိုသို့ ဆူလိုက်တော့ သူ့အား နှုတ်ခမ်းလေးဆူကာ လှမ်းကြည့်သော အကောင်ပေါက်လေး။

"ဟွန့် အကိုဘုန်းနိုင်ရော့။"

အမယ်။မကျေမနပ် နှုတ်ခမ်းလေးဆူကာ ဟွန့်တဲ့။အဲ့နှုတ်ခမ်းလေးကို စိတ်ရှိလက်ရှိ ဆွဲနမ်းလိုက်မှဖြင့် ဟွန့် ကနေ အဟင့် ဖြစ်သွားမယ်။တည်တံ့အာဏာကို ဘာမှတ်နေလဲ။

သူ့အကိုလေးနဲ့ အမွန်းအခြေအနေမဟန်မှန်းသိတော့ ကြားထဲက ဘုန်းနိုင်က ကယ်တင်ရှင်၀င်လုပ်ရသည်။

"ဟို အမွန်း ပန်းသီးစားလေ။အခုလေးတင်မှ ထပ်ခွဲလိုက်တာ။ချိုတယ် ရော့။အကိုလေးကော စားလေ။"

"အင်း စားမယ်။"

"ဟုတ်ကဲ့ အကိုဘုန်းနိုင်။"

"ဟယ် မိုးတွေအုံ့လာပါလားကွယ်။"

အန်တီနုရဲ့ စကားသံကိုကြားတော့ အာဏာတို့၃ယောက်သား ကောင်းကင်ကိုမော့ကြည့်မိသည်။ဟုတ်သားဘဲ။တိမ်မဲတွေတက်လာလိုက်တာများ အလိပ်လိုက်တွေ။

"ဟေ့ ဘုန်းနိုင် ပြန်ကြစို့။ကလေးလေးက မိုးမိလို့မဖြစ်ဘူး။အော် Rose Maryကို သွားခေါ်လိုက်။ရေကန်နားမှာရှိတယိ။ပြီးရင် ပြန်ခဲ့ကြ။ငါနဲ့ကလေးလေးက ခုပြန်ပြီ။"

"ဟုတ်ကဲ့ အကိုလေး။"

အာဏာလည်း ဘုန်းနိုင်ကို မှာပြီးသည်နှင့် ချက်ချင်း ကလေးလေးကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးပြီး ဆိုင်ကယ်နောက်မှာသေချာထိုင်ခိုင်းပြီး အိမ်သို့ မြန်မြန်မောင်းလာလိုက်သည်။

"ကိုကို ဘယ်လိုလဲ။အမွန်းကို တွေ့လိုက်တဲ့သူရှိလား။"

"မတွေ့မိကြဘူးတဲ့။မင်းကော ။"

"ကျွန်တော်လည်း လိုက်မေးတယ်။ဘယ်သူမှ မတွေ့လိုက်မိဘူးတဲ့။"

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Donde viven las historias. Descúbrelo ahora