Part 3

1.4K 97 2
                                    

ဆေးလိပ်ငွေ့တွေ မွှန်ထူနေသော အခန်းတစ်ခန်း။အခန်းထဲရှိ လူသား၂ယောက်ကတော့ ငတ်မွတ်စွာ နမ်းနေကြလေသည်။
"ဒေါက် ဒေါက် သခင်လေး ကျွန်တော်Mပါ"
အပြင်က တပည့်ဖြစ်သူ အသံကြားတော့ ခါးပေါ်က ကောင်လေးကို တွန်းချကာ နယ်စပ်သခင် ခေါ် ဝေယံထက် ဘေးနားက ဆေးလိပ်ကို မီးညှိလျက်
"၀င်ခဲ့"
"ပြော ဘာကိစ္စလဲ။"
ဆေးလိပ်ငွေ့တွေကို တစ်ချက် ရှိုက်ယူလျက် ဝေယံထက် မေးလိုက်သည်။
"ဟုတ် သခင်လေး။လာမဲ့ကုန်သွယ်မှုကြီးကို သူတို့ကို ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ Wind အဖွဲ့က ခုထိ အပေးအယူဖြစ်တဲ့ ကောင်လေးကို လာမပို့သေးလို့ပါ"
ဝေယံထက် မျက်ခုံး၂ဖက် တွန့်လျက် တစ်ချက်  စဥ်းစားကာ
"အော် ဟို အရုပ်လေး(အမွန်း)လား။"
ဝေယံထက် အဲ့ အရုပ်လေးကို သတိထားမိပါသည်။ ဖြူဖြူသေးသေးလေးနှင့် မိန်းကလေးရှုံးအောင်လှသည်မှာ Barbieရုပ်လေးအတိုင်းပင်ဖြစ်သည်။ဒါကြောင့်လည်း cobraနဲ့ အပေးအယူလုပ်ထားတဲ့ ငွေများစွာ အစား ဒီကောင်လေးကို ရွေးခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်"
"ညနေထိ စောင့်ကြည့်လိုက်၊ညနေမှ လာမပို့ရင် ကတိမတည်တဲ့ အဖွဲ့တွေကို လုပ်နေကျအတိုင်းလုပ်လိုက်။"
"ဟုတ်ကဲ့ သခင်လေး။ဒါနဲ့သူတို့ကို သတိလှမ်းပေးရဦးမလား"
တပည့်ဖြစ်သူက ထိုသို့မေးတော့ ဝေယံထက် ခေါင်းကို ခပ်ကြမ်းကြမ်းရမ်းကာ
"ဟူး....သတိမပေးနဲ့။ငါက သတိပေးမှ အလေးထားတာကို မလိုချင်ဘူး။သူ့သာသာသိတတ်မှုကို လိုချင်တာ။"
"ဟုတ်ကဲ့ သခင်လေး။အာ့ဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
တပည့်ဖြစ်သူ အရိုအသေပေးကာထွက်သွားတော့မှ ဘေးနားက ကောင်လေးက ခါးပေါ်ခွတက်ကာ
"အကိုလေး၊ ခုနပြောတဲ့ကောင်လေးကို ဘာလို့ အရုပ်လေးလို့ ခေါ်တာလဲဟင်။"
ဝေယံ ရှိုက်ယူထားသော ဆေးလိပ်ငွေ့တွေကို ထိုကောင်လေးမျက်နှာပေါ်မှုတ်ထုတ်လျက်
"သူက အရုပ်လေးအတိုင်ဘဲ၊ဖြူဖြူအုအုလေးမို့"
ထိုကောင်လေးက ဆေးလိပ်ငွေ့တွေကို ကျင့်သားရနေသည်ထင်ပါ့။ပြုံးလျက်
"အကိုလေးပြောပုံအရဆို ချစ်စရာတော်တော်ကောင်းမဲ့ပုံဘဲ။ တွေ့ဖူးချင်လိုက်တာ"

"ဒီး...ဒီး...ဒီး"
ကုတင်ဘေးနားကစားပွဲပေါ် ရှိဖုန်းကို အာဏာ မျက်လုံးမဖွင့်သေးဘဲ လက်နှင့်စမ်းကာ ယူပြီး ကိုင်လိုက်သည်။
"ဟယ်လို"
"ဟုတ် အကိုလေး ကျွန်တော် ဘုန်းနိုင်ပါ"
"အော် အေး၊ဘုန်းနိုင်ပြော"
"မနက်ဖန်ညမှာ လုပ်မဲ့ ကုန်သွယ်ရေးမှာ ပြသာနာရှိနေလို့ပါ"
အာဏာ မျက်လုံးများဖွင့်မိရုံမက မျက်ခုံးပင် ကျုံ့မိသည်။
"ဘာဖြစ်လို့လဲ"
"နယ်စပ်ဘက်က လူက အပေးအယူကိစ္စကို သဘောတူထားပေမဲ့ ဒီနေ့ ဘယ်ချိန် ငွေလွဲရမလဲမေးတော့ ညနေမှ လိုလို၊ ကိစ္စပြီးမှ လိုလို မသေမချာပြောနေတယ်။ကြည့်ရတာ အခြား၁ဖွဲ့နဲ့ အပေးအယူတည့်ထားပုံရပါတယ် အကိုလေး"
"ဟူး....."
အာဏာသက်ပြင်းချလျက်
"ကြားဖြတ်တဲ့အဖွဲ့ကို ရအောင်စုံစမ်း။အချိန်သိပ်မရှိတော့ပေမဲ့ အပင်ပန်းခံလိုက်ပါဦး၊ဘုန်းနိုင်။ကြားလား ငါ့ကောင်ကြီး"
"ဟုတ်ကဲ့။ကျွန်တော်ရအောင်စုံစမ်းမှာပါ။စိတ်မပူပါနဲ့ ။ဒီကုန်သွယ်မှုက ကျွန်တော်တို့ဟာပါ။"
ဘုန်းနိုင်က အတော်ယုံကြည်အားကိုးရသူဖြစ်သည်။ဂိုဏ်းက ကိစ္စတော်တော်များများကို သူ့အားလွှဲထားနိုင်သည်အထိ အားကိုးရသည်။
"အွန်း၊ပြောမရတာမို့ ငွေလည်းပြင်ထား။ဘယ်အဖွဲ့မှ ငါတို့လောက် ပေးနိုင်မှာမဟုတ်ဘူး။ငါတို့ဆီ ပြန်ရောက်လာနိုင်တယ်။"
"ဟုတ်ကဲ့ အကိုလေး၊ တီ"
ဖုန်းချသွားတော့ မျက်နှာသစ်ရန် အာဏာထလိုက်ချိန် ရီမိသွားသည်။အဘယ်ကြောင့်ဆို ဘေးနားက ကလေးပေါက်စသည် လက်မောင်းကိုဖက်ကာ
သူ့ရဲ့ခြေတစ်ဖက်ကိုလည်း ဖက်လုံး အမှတ်နဲ့ ခွထားသောကြောင့်ဖြစ်သည်။
အာဏာ ခြေရင်းကစောင်ကို ရှည်ရှည်လေးဖြစ်အောင်ခေါက်ပြီး သူ့နေရာမှာ အစားထိုးပေးခဲ့ကာ ရေချိုးခန်းထဲ ၀င်ကာ ရေချိုးလိုက်သည်။
အာဏာ ရေချိုးပြီးထွက်လာချိန်ထိ ထိုကောင်လေး မနိုးသေးပေ။
"တကယ့်ကို အိပ်ပုတ်ကြီးလေးပါလား။"
အာဏာလည်း အိပ်ပုတ်ကြီးလေးကို နိုးမနေဘဲ မနက်စာ ဆင်းစားလိုက်သည်။

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now