Part 16
796 57 3
"ဂျလောက်။"
Rose တံခါးကို ဖြည်းဖြည်းချင်းဆွဲဖွင့်ပြီး အခန်းထဲ ခေါင်း၀င်ကာ ချောင်းကြည့်လိုက်သည်။သူမ မြင်လိုက်ရသည်က ကုတင်နဲ့အောက်မှာ ဆင်းထိုင်နေသော အမွန်းရဲ့ခေါင်းလုံးလုံးလေးနှင့် အမွန်းက လက်၂ဖက်နှင့် ပွေ့ကာ အပေါ်မြောက်ချီထားသော ကြောင်ဖြူလေးတစ်ကောင်။
.......ကောင်မလေးက ဆံပင်အတိုလေးနဲ့လား။........
မျက်နှာကို သေချာမြင်ရရန် Rose အခန်းထဲ၀င်ဖို့လိုက်ချိန် မိမိပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်ခြင်းခံလိုက်ရပြီး အခန်းအပြင်ကို ဆွဲထုတ်ခြင်းခံလိုက်ရသည်။အခန်းအပြင်ရောက်သော် ကျောနှင့် နံရံကို ဆွဲကပ်ခြင်းခံလိုက်ရပြန်သည်။Rose ကြောက်လန့်တကြားရုန်းကာ မိမိပါးစပ်က လက်ကိုလည်းဆွဲဖယ်နေရင်း တရားခံကို ကြည့်လိုက်တော့ တခြားသူမဟုတ်။
......ဟင် အာဏာ!!! ဘယ်တုန်းက အိမ်ပြန်ရောက်လာတာလဲ။ငါ ကားသံမကြားလိုက်မိဘူး။....
သူမ ​ကြောက်ကြောက်လန့်လန့်စဥ်းစားရင်း ဆက်မရုန်းဘဲ ငြိမ်နေမိသည်။
"အသံတိတ်ပြီး ကျွန်တော်ခေါ်ရာနောက်လိုက်ခဲ့ပါ Rose Mary။ကျွန်တော် အကြမ်းနည်းမသုံးချင်ဘူး။"
နား နားလေးကပ်ကာ ပြောလိုက်သော အာဏာ့စကားတွေကြောင့် Rose Mary ၁ယောက် လက်ဖျားခြေဖျားတွေပင်အေးစက်လာသည်။သို့သော် သူမ မြန်မြန် အသိကပ်လိုက်ပြီး ခေါင်းညှိမ့်ပြလိုက်သည်။ထိုအခါမှ အာဏာ သူမကိုချုပ်ထားရာကနေ လွှတ်ပေးလိုက်သည်။
ထို့နောက် အာဏာ သူ့ရဲ့ကလေးလေးကို တစ်ချက်လှမ်းကြည့်လိုက်တော့ ဖြစ်ပျက်သွားသည်များကို ဘာမှမသိလိုက်ဘဲ အပူအပင်ကင်းစွာ ဆော့နေ၍ ပြုံးလိုက်မိသည်။ထို့နောက် တံခါးကို အသံမမြည်အောင် အသာလေးပြန်ပိတ်လိုက်သည်။
အခန်းထဲကို အသာလေးချောင်းကြည့်နေစဥ်က ပြုံးနေသော အာဏာ့မျက်နှာသည် အခန်းတံခါးပိတ်ပြီးသွားသည့်နောက်တွင် ရုတ်ချည်းပြောင်းလဲသွားသည်။ထို့နောက် Rose Maryအား
မျက်လုံးဖြင့် လိုက်လာခဲ့ရန် အမူအရာပြလိုက်ပြီး စာကြည့်ခန်းဆီ ဦးတည်လိုက်သည်။