Part 6

1.2K 89 2
                                    

တစ်ညလုံးနဲ့ တစ်နေ့လုံး ကားမောင်းပြီးသည့်နောက်တွင် အာဏာတို့ ကုန်သွယ်မှုလုပ်မည့် နယ်စပ်သို့ ရောက်လာခဲ့သည်။ကုန်သွယ်မှုက ညလုပ်မည်မို့ အခုက ညနေစောင်းမို့ အချိန်အနည်းငယ်ပိုနေသေးသည်။

အာဏာ အိမ်ရှိ ဒေါက်တာကို ဖုန်းဆက်လိုက်သည်။

"တူ..တူ..ဟုတ်ကဲ့ အကိုလေး"

"အင်း။ကောင်လေးအခြေအနေဘယ်လိုရှိလဲ။"

"ခုထိ သတိမရသေးပါဘူး အကိုလေး။"

"သေချာဂရုတစိုက်ကြည့်ထား။စိတ်ထိခိုက်စရာ ကြုံခဲ့ရလို့ အိပ်မက်ဆိုးတွေ မက်မယ်ထင်တယ်။ညလည်း သေချာစောင့်ပေး။သူသတိရရင် ငါ့ကို ဖုန်းဆက်ဦး။"

"ဟုတ်ကဲ့ အကိုလေး။သတိရဖို့ကတော့ လိုပါသေးတယ်။ကျွန်တော်ပြောလိုက်ပါတယ်။၃ ရက် ၄ရက်လောက်ကြာမှာလို့။အကိုလေး ပြန်လာချိန်ထိ သတိမရဖို့က ရာခိုင်နှုန်းများပါတယ်။"

ဒေါက်တာ ထိုသို့ပြောမှ အာဏာ သတိရကာ အရှက်ပြေ မိမိဂုတ်ကို လက်ဖြင့် ပွတ်လိုက်ရင်း

"အဟမ်း..သိတယ်။ထူးထူးဆန်းဆန်း ကြိုသတိရတာတွေဘာတွေပေါ့။အံ့ဖွယ်လိုမျိုးလေ။ခုခေတ်မှာ အဲ့လိုကိစ္စတွေ အများကြီးလေ အဟမ်း..သိတယ်မလား။"

ရှက်ရမ်း ရမ်းကာ ဆရာဝန်ကို ဆရာပြန်လုပ်နေသော အာဏာကို တပည့်တွေ တွေ့ရင် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမှာအသေအချာပင်။

အော် အချစ်ဆိုတာ ဒီလို ကျောက်ရုပ်ကြီးကိုတောင် အရည်ပျော်အောင်လုပ်နိုင်တာဘဲ။

ဒေါက်တာ့ ခင်မျာ အခြားသူသာဆို "ခင်ဗျားက ဆရာ၀န်လား၊ကျွန်တော်က ဆရာ၀န်လား"လို့ မေးလိုက်မှာပေမဲ့  ဒီအကိုလေးကို မေးလိုက်လျှင် အရိုးတခြား အသားတခြားဖြစ်နိုင်သည်မို့ ဆရာ၀န် သိက္ခာကို နောက်ပို့လျက်

"ဟုတ် ဖြစ်နိုင်တာပေါ့ အဲ့လိုအဲ့ဖွယ်တွေ။စိတ်ချပါ။ ကျွန်တော်သေချာစောင့်ကြည့်ထားပါ့မယ်။"

"အင်း။"

ဒေါက်တာနှင့် ဖုန်းပြောပြီး ကိုယ့်အဖြစ်ကို တွေးမိပြီး ရှက်ပြုံးပြုံးကာ ဘေးနားက ရေပုလင်းကို ဖွင့်သောက်လိုက်သည်။ရေသောက်ရင်း တံခါးကို လှမ်းကြည့်မိသော် ဘုန်းနိုင်ရဲ့ ခေါင်းပြူပြူလေးကို တွေ့လိုက်ရတော့

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now