Part 18

812 52 4
                                    

"ကဲ အာ့ဆို အစည်းအဝေးကို ဒီမှာတင် ရပ်လိုက်တာပေါ့။"

"ဟုတ်ကဲ့ CEO။"

အစည်းအဝေးပြီးနောက် အာဏာ ရုံးခန်းထဲပြန်လာပြီး ခုံပေါ်ထိုင်ကာ လည်ပင်းက Necktieကို ဖြေလျော့လိုက်သည်။

"ဟူး.....မောလိုက်တာ။"

အမောဖြေနေစဥ် ရုတ်တရက် ကလေးလေးကို သတိရမိတော့ ပြုံးခနဲ။မနက်က စိတ်တွေလေးနေပေမဲ့ ဘုန်းနိုင်ကိုပြန်လွှတ်လိုက်သည်မို့ သိပ်စိတ်မပူတော့ပေ။

"ကိုယ့်ရဲ့ ကလေးလေးက ခုချိန် ဘုန်းနိုင်နဲ့ snow ballလေးနဲ့ တူတူဆော့နေမှာပေါ့။ဒါမှမဟုတ် ပန်းသီးတွေ အ၀တွယ်နေမှာပေါ့။အဟက်။"

ရုပ်တည်ကြီးနှင့် နေတတ်သော Mafiaကြီးက သူ့ကလေးလေးအကြောင်းတွေးမိတော့ သူ မဟုတ်တဲ့အတိုင်း ရီနေလေရဲ့။အံ့သြပါ့။လူတွေများ အချစ်နဲ့တွေ့ရင် ပြောင်းလဲကုန်တာဘဲ။

"ဘုန်းနိုင်ဆီ ကလေးလေးဘာလုပ်နေလဲ ဖုန်းဆက်မေးရမယ်။"

အာဏာ ဖုန်းထုတ်ကာ ဘုန်းနိုင်ဆီ ဆက်ခါနီးမှ

"အာ မဖြစ်သေးပါဘူး။ဘုန်းနိုင်က ကလေးလေးနဲ့ ဆော့နေမယ်ထင်တယ်။အနှောင့်အယှက်ဖြစ်သွားဦးမယ်။အိမ်ဖုန်းကိုဘဲဆက်လိုက်မယ်။အန်တီနု ဖုန်းကိုင်လိမ့်မယ်။"

"တီ တီ တီ......"

"ဘာလို့ ဖုန်းမကိုင်တာလဲ။အန်တီနုများ မကြားလို့များလား။"

တစ်ခါခေါ်ရုံနဲ့ မကိုင်တဲ့ဖုန်းကို အာဏာ နောက်တစ်ချိန် ထပ်ခေါ်လိုက်သည်။

"တီ တီ...ဟယ်လို အာဏာရဲ့ အိမ်ကပါ။အာဏာက အိမ်မှာမရှိဘူး။သူ့ကို ဘာပြောပေးရမလဲဟင်။

အန်တီနုအသံမဟုတ်ဘဲ အခြားမိန်းမတစ်ဦးရဲ့အသံမို့ အာဏာ မျက်မှောင်ကျုံ့မိသည်။

"အခုပြောနေတာ ဘယ်သူလဲ။"

"Oh  Rose Maryပါ။အခုဆက်နေတာကရော ဘယ်သူလဲ။"

စွာတာတာနဲ့ အသံကို သေချာနားထောင်တော့မှ ဘယ်သူမှန်း သူမှတ်မိသွားသည်။

......အော် Rose လား။သူကဘာလို့ ဖုန်းလာကိုင်တာလဲ။အန်တီနု မအားလို့လား။.....

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Where stories live. Discover now