Part 10

1K 72 0
                                    

မနက်စာ စားပြီးပြီးချင်းပင် စိုင်း ပြခန်းဆီထွက်လာလိုက်သည်။သူ့ရဲ့အသိဆိုသော ဘောစိလေးကို တွေ့ချင်၍ဖြစ်သည်။

"ဟေ့ ဟို Customerရောက်နေပြီလား။"

ပြခန်းမှာ ပန်းချီတွေကို စစ်ဆေးနေသော ၀န်ထမ်းမလေးကို စိုင်းမေးလိုက်သည်။

"ဟုတ် မန်နေဂျာ၊ရောက်နေတာ ကြာပါပြီ။ပြခန်းဖွင့်ဖွင့်ချင်းကို ရောက်ချလာတာပါ။"

၀န်ထမ်းမလေးပြောစကားကြောင့် စိုင်း   မျက်ခုံးပင့်မိသည်။ထိုCustomerကို မစောင့်စေချင်၍ စောစောထွက်လာသည်ကို သူက ကြိုရောက်နေတယ်တဲ့။

....ငါ့အသိထဲမှာ အဲ့လောက်ဝီရိယကောင်းတဲ့သူ ရှိရဲ့လားဟ.....

"ဘယ်မှာ စောင့်နေတာလဲ။"

"ပြခန်းလာတဲ့ဧည့်သည်တွေ ခနနားတဲ့ နေရာမှာ စောင့်နေပါတယ်။"

"ကောင်းပြီ လုပ်စရာရှိတာသွားလုပ်လို့ရပြီ။"

"ဟုတ်ကဲ့"

စိုင်းလည်း ဧည့်သည်တွေ နားတဲ့အခန်းဆီ ထွက်လာလိုက်သည်။တွေ့ပါပြီ ။
သူ့ကိုကျောပေးထိုင်နေသော လူ။နောက်ကနေ ပုံစံကြည့်ရတာ သူ့ထက်ငယ်တဲ့ပုံ။

ကိုယ့်ပြခန်းရဲ့ ၀ယ်သူအကြီးစားဖြစ်နေ၍ စိုင်း  ယဥ်ယဥ်ကျေးကျေး စကားစလိုက်သည်။

"Hi စောင့်ရတာကြာသွားလား။ဒီက customerက ကျွန်တော့်အသိဆို။"

စိုင်းအသံလည်း ကြားရော လှည့်ကြည့်လာသည့်ထိုလူ။ထို့နောက် ပြုံးဖြီးဖြီးမျက်နှာထားဖြင့်

"မကြာပါဘူး ကိုကို။ကျွန်တော်က ကိုကို့အချစ်ကိုရဖို့ဆို အကြာကြီးစောင့်နိုင်တယ်။"

"ဟင် မင်း!"

စိုင်းတွေ့လိုက်ရသော အသိဆိုသည်မှာ အခြားသူမဟုတ်။သူ့အား ချစ်တယ်ဟုပြောထားသော ကောင်လေး။သူ့အား ပြုံးဖြီးဖြီးမျက်နှာထားနှင့် ဆက်ကြည့်နေ၍ စိုင်း သာ စကားစပြောလိုက်သည်။

"မင်း ၀သာန်မိုး မလား။မင်း ငါက ဒီမှာ အလုပ်လုပ်မှန်း ဘယ်လိုသိတာလဲ။"

"အကိုက ကျွန်တော့်နာမည်ကိုမှတ်မိတယ်ပေါ့။ကျွန်တော်၀မ်းသာသွားပြီ။"

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Donde viven las historias. Descúbrelo ahora