Part 24

658 45 7
                                    

"🎵🎵🎵🎶🎶🎶🎶"

သီချင်းလေးညည်းလျက် ကားမောင်းနေသော Rose Mary။

.....ဟင်းဟင်း အမွန်းရဲ့မိသားစုကတော့ သူတို့သားကို လူပျောက်ကြော်ညာပြီးရှာရတဲ့အထိဖြစ်အောင်လုပ်တဲ့ ရှင့်ကို အမွန်းနဲ့ကြည်ကြည်ဖြူဖြူသဘောတူမယ်မထင်ဘူးနော် အာဏာရေ။Rose မပြန်ခင် youတို့ ၂ဦးကြား ဂယက်ထအောင်လုပ်ခဲ့ဦးမှာ ဟားဟား။........

Roseဟာ သူ့ကိုယ်သူအတော်လည်ကာ ဥာဏ်ကောင်းလှပြီထင်နေပုံရသည်။အမှန်တကယ်လည်း သူမက အတော်အသင့် လည်ပေလိမ့်မယ်။သို့သော် တရားမ၀င်လက်နက်ရောင်း၀ယ်ရေးလုပ်နေတဲ့ ဂိုဏ်းခေါင်းဆောင်၁ယောက်ကို မှီပါ့မလား။

"ဒီး...ဒီး..ဒီး။"

"ဘယ်သူဆက်နေတာလဲ။ဟင် အာဏာ!။"

ရုတ်တရက် အာဏာကဖုန်းခေါ်လိုက်သောအခါ သူမ လန့်ကာ ချက်ချင်းမကိုင်မိ။

"သူ..သူ သိသွားတာလား။ဟာ မဖြစ်နိုင်တာ။သူသိရင် ငါ့ကို ကားနဲ့ ၁ယောက်တည်းလွှတ်ပါ့မလား။ဟုတ်တယ်။စိတ်အေးအေးထားစမ်းပါ Rose။"

သူ့ကိုယ်သူ ပြန်ဆုံးမပြီး Rose ကားမောင်းရင်းပင် Bluetoothနားကျပ်ကိုတပ်ကာအာဏာ့ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို အာဏာ။"

"ဟယ်လို Rose။ကားမောင်းနေတာ ဖုန်းပြောဖို့အဆင်ပြေရဲ့လား။"

"အာ ပြေပါတယ်။Roseက ကားမောင်းကျွမ်းပါတယ်။ပြီးတော့ bluetoothနားကျပ်နဲ့ပြောနေတာလေ။"

အသံကို အတည်ငြိမ်ဆုံးထားကာ Rose ပြန်ပြောနေရသော်လည်း လက်တွေ့တွင် ရင်တွေတုန်ကာ လန့်နေမိသည်။

"အော် တော်သေးတာပေါ့။Roseက ကားမောင်းကျွမ်းတော့။အာ့ဆို ဘရိတ်ကြိုးဖျက်ထားတဲ့ကားကိုလည်း Rose ထိန်းမောင်းနိုင်မယ်လို့ ကျွန်တော်ထင်တယ်။"

"ဘာ!!!"

အာဏာရဲ့ စကားကိုကြားလိုက်ရတော့ Rose ထိတ်လန့်စွာ ကားကိုဘရိတ်အုပ်လိုက်သော်လည်း ကားကရပ်မသွား။မူလအရှိန်အတိုင်းသာ။

"အာ အာဏာ ဒါ ဒါဘာလုပ်တာလဲ။ဘာကိစ္စကားကဘရိတ်ကြိုးဖျက်ထားတာလဲ!!!။"

ကိုယ့်မူပိုင်လမင်းလေး(အမွန်း) ကိုယ့်မူပိုင်လမင်းလေး(အမွန်း)Onde histórias criam vida. Descubra agora