Chapter 2

20.8K 2.5K 184
                                    

Chapter 2:  ငါ့ကိုဆို လူတိုင်းက ကြောက်ကြတယ်။

ဖေးယိယန် သူ့ကိုသူ အမြဲတွေးခဲ့သည်မှာ
သူက ဓာတ်တိုင်ကြီးလို ဖြောင့်သည်။ အတွန့်လေး တစ်စတောင် မရှိ၊ အဖြောင့်ကောင်သာ ဖြစ်သည်။ သေးသေးလေးတောင် မကွေးပေ။ သူ့လို အဖြောင့်ကောင်က ဒီလို အဖြစ်မျိုးနဲ့ ကြုံတော့ သည်းခံနိုင်မည်တဲ့လား။

ဒီလိုနှင့် ဖေးယိယန် ဒီကမ္ဘာမှာ လူစွာကျယ်တစ်ကောင်ဖြစ်လာခဲ့ချေသည်။ FAကတော့ FA ဖြစ်လျက်သာ။ ထွေထူးပြီး ကြေကွဲမနေတော့ပေ။ အဓိကက သူ မကွေးဖို့သာ အရေးကြီးတော့သည်။

သူ့ကို လာကြောင်သည့် အကောင်တိုင်းကို
ဖေးယိယန်  ချီးထွက်အောင် ရိုက်ပစ်ရတာကို
တဖြေးဖြေး
သဘောတွေ့လာခဲ့တော့သည်။

ဒီ ကမ္ဘာက အိုမီဂါဆို တော်တော်လေး သက်ညှာသည်မို့၊ သူ ထင်ရာဆိုင်းခွင့် ရနေခဲ့သည်။

မည်သို့ပင်ဆိုစေ ၊ လူတိုင်းက သူ့ကို ကြောက်ကြ၏။
ဖေးယိယန်ဆိုလျှင် ခပ်ဝေးဝေးသာ ရှောင်ကွင်းသွားကြတော့လေသည်။

ဖေးယိယန် ကတော့ သူ့၏အဖြောင့်ဂုဏ်ကို လုံးဝလက်မလွှတ်နိုင်ပေ။ သူ omega ဖြစ်စေကာမူ၊ လုံးဝ မကွေးနိုင်သဖြင့်၊ female  Alpha တွေကို ရအောင် ယူဖို့ ကြံဆောင်မိတော့သည်။ female betaကိုတော့ သူ လိုက်ကြောင်ပြီးပေမဲ့၊ သူ့ကို ဘယ်သူကမှ အဖက်ပင်မလုပ်။ အရူးတစ်ကောင်လိုသာ ဆက်ဆံပြီး၊ "မင်းက Omega"လို့သာ ပြောနေတတ်ကြသည်။

ဖေးယိယန် ဒီကမ္ဘာပေါ်မှာ ၅နှစ်နီးပါးလောက်အထိ ပေတိပေစုတ်ဖြင့်သာ အဖြောင့်ဂုဏ်ကို ထိန်းသိမ်းနေခဲ့၏။ မိဘတွေကလည်း သူ့ကို ပစ်ထားကာ၊ အဝေးကနေပဲ လိုလေသေးမရှိ ထောက်ပံ့ပေးနေခဲ့ကြလေသည်။ သူကတော့ ဘယ်လိုမှမနေ။ ဆက်၍ ကန့်လန့်တိုက်မြဲသာ။

သူ့ကိုသူ လုံးဝ မကွေးနိုင်ဘူးဆိုတာ သေချာသွားချိန် ၊ ဖေးယိယန် ဆုံးဖြတ်ချက်တစ်ခုကို
အပြီအပြင်ချလိုက်၏။ ဂလင်းအကြိတ်ကို
ဖယ်ပစ်မည်။ ဒါဆို သူ့ကမ္ဘာမှာလို ပြောရရင် သင်းကွပ်ခံသည့်တိရစ္ဆာန်နှင့် မခြားနားပေ။

ဒါပေမဲ့ သူ မမှု။ သူက လုံးဝ မကွေးနိုင်ပေ။
ဘယ်သူ့အတွက်မှလည်း
မျောက်ကလေးတွေ မမွေးပေးချင်ပါ။

(သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!)他们说 ' 你是 OMEGA' [ Completed ] Where stories live. Discover now